အပိုင်း ၆၃

622 60 1
                                    


အမွေအနှစ်ခန်းမဆောင်တစ်ခုလုံး မှော်သင်္ကေတများဖြင့် လင်းလက်တောက်ပလာခဲ့သည်။
အရပ်လေးမျက်နှာသို့ စွမ်းအင်အလင်းတန်းများက နွယ်ပင်များသဖွယ် စီးဆင်းသွားကြပြီး ရစ်ပတ်ဆက်နွယ်သွားခဲ့၏။

ထို့နောက် ကြောက်မက်ဖွယ်စွမ်းအားတစ်ရပ် ဖြစ်တည်လာခဲ့၏။

"ငါမင်းကို သတ်မယ်...။"

ရီချန် ဒေါသတကြီးအော်ဟစ်လိုက်၏။

သူ့မျက်လုံးအစုံက ရဲရဲနီနေခဲ့ကာ အမဲဖျက်ဖို့ချောင်းနေသည့် ဒဏ်ရာရကျားနာတစ်ကောင်က ဟိန်းဟောက်လိုက်သည့် အတိုင်းပင်...။

လျှို့ဝှက်မြေပုံသော့မှာ ရီချန်၏ အကြီးမားဆုံး ဝှက်ဖဲတစ်ခုဖြစ်သည်။

အထူးသဖြင့် ဤနေရာတွင်ဖြစ်သည်။

သူ့အနေနဲ့ ဤနေရာတွင်ရှိသည့် ဝင်္ကပါများကို ထိန်းချုပ်နိုင်စွမ်းရှိသည်။

ဆရာဖြစ်သူနှင့် ဂူချန်းဂျီတို့ ရင်းနှီးသည့်အသွင်ကို မြင်လိုက်ရခြင်းက သူကို ဆင်ကန်းတောတိုးဖြစ်သွားရစေသည်။

ဂူချန်းဂျီ၏ ကြွယ်ဝမှုမှာ သူထင်ထားသည်ထက်ပင် ကြီးမားနေခဲ့၏။

သူ့တွင်ရှိသော အချို့ရတနာပစ္စည်းများမှာ ရီချန်မြင်ဖူးခြင်းမရှိရုံသာမကပဲ  ကြားပင်ကြားဖူးခြင်း မရှိချေ။

တစ်ဖက်မှာမှု ရီချန်က သူဆင်းရဲပမာဖြစ်၏။

မည်သည့်နေရာနှင့်မှ ဂူချန်းဂျီကို ယှဉ်နိုင်ခြင်းမရှိချေ။

ထိုခံစားချက်က ဇနီးဖြစ်သူကို မင်းသားတစ်ပါးက ပိုင်ဆိုင်မှုပြပြီး သိမ်းပိုက်သွားသည်ကို ရပ်​ကြည့်နေရုံသာတတ်နိုင်သည့် သူတောင်းစားတစ်ဦးလို ဖြစ်သည်။

၎င်းကို ရီချန်လက်ခံနိုင်ခြင်းမရှိပေ။

အထူးသဖြင့် ရန်ကျဲသည် အသက်ရွယ်ကြီးမြင့်ပြီ ဖြစ်သော်လည်း သူမ၏ နုနယ်ပျိုမြစ်သောအလှတရားက ပျောက်ကွယ်သွားခဲ့ခြင်းတော့  မရှိသေးချေ။

သူ့ကို နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ဂရုစိုက်စွာဖြင့် ကျင့်ကြံမှုနည်းလမ်းများကို သင်ကြားပေးခဲ့သူ ဖြစ်သည်။

ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ   အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now