ဗီလိန်တစ်ဦး၏ကံကြမ္မာ
အပိုင်း(၁၃၆)
ရီလင်းတစ်ယောက် ခြေရာဖျောက်ဖို့ကြိုးပမ်းနေသည့်အချိန်တွင်..။
ကောင်းကင်တာအိုရှေးဟောင်းမြို့ထံသို့ မရေတွက်နိုင်သော ကျားဖြူမျိုးနွယ်စုမှလူများက မြို့အတွင်းရှိ အမျိုးမျိုးသော တည်နေရာရွေ့ပြောင်းခြင်းအစီအရင်များကိုသုံးကာ အလုံးအရင်းနှင့် ဝင်ရောက်ခဲ့ကြပြီ ဖြစ်သည်။
လက်ရှိအချိန်တွင် ထိုသူအားလုံးက မရေတွက်နိုင်သောရတနာများနှင့် အရိုးများကို စုပုံထားသည့် ယဇ်ပလ္လင်တစ်ခုရှေ့၌ ရပ်နေကြ၏။
ထိုယဇ်ပလ္လင်၌ ထူးဆန်းသော ရှေးဟောင်းရုပ်ထုတစ်ခုရှိပြီး အလယ်တွင် စတေးခံပစ္စည်းများနှင့်အတူ ဆန်းကြယ်သောအလင်းတန်းများနှင့်တောက်ပနေသည့် သွေးတစ်စက်က လေထဲ လွင့်မျောနေခဲ့သည်။
“ဒါက သခင်လေးရဲ့သွေးပဲ။ကံကောင်းထောက်မစွာနဲ့ ဒါကိုမျိုးနွယ်စုထဲမှာသေချာထိန်းသိမ်းခဲ့တာပဲ။ ဒါသာမရှိဘူးဆို အခုချိန်လောက်ဆို ငါတို့တွေဘာလုပ်ရမှန်းတောင် သိမှာမဟုတ်ဘူး။သခင်လေးရဲ့ခန္ဓာကိုယ်က ရှိနေသေးသ၍ ဒီသွေးတစ်စက်က ငါတို့ကို သခင်လေးခန္ဓာကိုယ်ရှိနေတဲ့နေရာကို လမ်းပြပေးလိမ့်မယ်။ဒါမှ သူ့အတွက် ငါတို့လက်စားချေပေးလို့ရမယ်”
ကျားဖြူမိသားစုဝင်တစ်ယောက်က ဝမ်းနည်းစွာပြောလိုက်သည်။
ဤနည်းလမ်းကိုသုံးရန် ၎င်းတို့တွေ တန်ဖိုးကြီးကြီးမားမား ပေးခဲ့ရ၏။
သို့သော်လည်း ၎င်းတို့တွင် ရွေးချယ်စရာမရှိပေ။
သိပ်မကြာလိုက်ပေ။
ယဇ်ပုလ္လင်ပေါ်မှ မှုန်ဝါးဝါးအလင်းရောင်တစ်ခု ဖြစ်တည်လာခဲ့၏။
ထိုသွေးအဆီအနှစ်က ကျားဖြူတစ်ကောင်၏သဏ္ဍာန်အဖြစ်ပြောင်းသွားခဲ့ပြီး ကောင်းကင်ကို တစ်ချက်ဟိန်းဟောက်လိုက်ကာ ဟင်းလင်ပြင်သို့ ပျံသန်းထွက်ခွါသွားခဲ့သည်။
“ငါတို့တွေ ဒီပုံရိပ်နောက်ကိုလိုက်ရင် သခင်လေးရဲ့ခန္ဓာကိုယ်ကို ရှာတွေ့နိုင်လိမ့်မယ်”
![](https://img.wattpad.com/cover/329914051-288-k191570.jpg)
YOU ARE READING
ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ အတွဲ ၁ (ခွင့်ပြုချက်ရပြီး)
Adventureဒီစာစဥ်မှာပါတဲ့ဇာတ်လိုက်ကျော်ကအခြားစာစဥ်တွေနဲ့မတူပဲ ဗီလိန်နေရာကိုကမ္ဘာကူးပြီးရောက်သွားခဲ့သူတစ်ဦးဖြစ်တာပါ။ အဲမှာဗီလိန်ဆိုတဲ့အတိုင်းမင်းသားတွေမင်းသမီးတွေနဲ့တွေ့ပါလေရောသူခမျာ ဗီလိန်ဆိုတော့မင်းသားတွေလို ဇာတာကမခေပဲကံကတော်တော်ဆိုးနေပါတယ်မင်းသားအထောင်းခံဘ...