အပိုင်း ၁၂၆ မှ ၁၃၀

726 48 0
                                    

ဗီလိန်တစ်ဦး၏ကံကြမ္မာ

အပိုင်း(၁၂၆)

မျှော်စင်ထဲတွင်...။

အံ့ချီးမကုန်နိုင်အောင်တောက်ပနေသည့် နတ်ဘုရားအလင်းရောင်များနှင့် ပတ်ပိန်းထူထပ်လှသော စိတ်ဝိဥာဏ်ချီစွမ်းအင်များက မျှော်စင်တစ်ခုလုံး၌စိမ့်ဝင်လွှမ်းခြုံနေကာ ဆိတ်ငြိမ်အေးချမ်း၍သာယာမွေ့ပျော်ဖွယ်ရာမြင်ကွင်းတစ်ခုကို ဖော်ကြူးနေ၏။

ပိုင်လီသည် ကုန်သွားပြီဖြစ်သောဝိုင်ခွက်ကိုချလိုက်၏။ သူ၏မျက်နှာ၌ အတိုင်းအဆမဲ့သောဂုဏ်ယူဝံ့ကြွားမှုနှင့်ဝမ်း​မြောက်မှုများက အထင်းသားပေါ်လွင်နေသည်။
အမှန်တော့ သူနှင့်ရင်မိန်တို့က လွန်ခဲ့တဲ့ရက်အတွင်း အကြိမ်ဖန်များစွာတွေ့ဆုံဖူးကြပါသော်လည်း၊ မကြာသေးခင်ကပင် သူမအား ရီလင်းအပါအဝင်သူ၏အပေါင်းအသင်းရောင်းရင်းမိတ်ဆွေအ​များကို သူမနှင့် မိတ်ဆက်ပေးခဲ့သော်လည်း၊ သူ၏ တသီးတသန့်နေတတ်သောပင်ကိုသဘာဝအရ  ရင်မိန်က သူနှင့်သုံးပေအကွာခန့် အမြဲခွာနေခဲ့၏။

ယုတ်ယွသည့်အဆုံး ရင်မိန်က သူမ၏ဝတ်ရုံအနားစကလေးကိုပင် သူ့အားထိခွင့်မပေးခဲ့ချေ။

ထို့ကြောင့် ပိုင်လီ၏စိတ်ထဲတွင် ထိုကိစ္စကို အတော်လေး ဘဝမကျဖြစ်နေ၏။

သို့သော်လည်း တခြားတစ်ဖက်မှကြည့်ပါလျှင် ရင်မိန်၏ထိုကဲ့သို့ တသီးတခြားဆန်ကာ ရှက်ရွံ့တတ်သောအလှတရားကြောင့် ပိုင်လီ ကြည်နူးပီတိဖြစ်ရပြန်၏။

ထို့အတွက်ကြောင့် မကြာသေးခင်က အနတ္တတာအိုနှီးနှောဖလှယ်ပွဲ၌ သူကြုံတွေ့ခဲ့ရသောအရှက်တကွဲအကျိုးနဲခံစားချက်များသည်ပင် လေနှင့်လွင့်ပါသွားသလို ပျောက်ကွယ်ခဲ့ရသည်။

အမှန်တော့ ၎င်းကိစ္စက ရင်မိန်၏ အပြစ်လည်း မဆိုသာပေ။

ထိုကိစ္စကို ပြန်ပြောင်းပြောပါက ထိုအချိန်က ရင်မိန်သည် အကူအညီမဲ့နေခဲ့ပြီး ဂူချန်းဂျီရှေ့၌ ရိုကျိုးနာခံနေဖို့ကလွဲပြီး သူမတွင် ရွေးချယ်စရာမရှိခဲ့ပေ။

မည်သို့ပင်ဖြစ်စေ...။

တစ်နေ့ကျရင် သူက ရင်မိန်၏ချစ်စဖွယ်အမြှီးလေးအားထိဝံ့သော ဂူချန်းကျီ၏လက်ကို ခုတ်ဖြတ်ပြစ်မည်ဟု ပိုင်လီ၏စိတ်ထဲတွင် တေးထားလိုက်သည်။

ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ   အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now