ရီလျူလွီအတွေးက ရိုးရှင်းမှုရှိ၏။အစကတော့ သူမရီချန်ကိုဂူချန်းဂျီသတ်မည့်အရေးမှ ခွင့်ပြုနိုင်ခြင်းမရှိသလို ဂူချန်းဂျီ အလွန်အကျွံတောင်းဆိုမှုက်ို ကတိပေးနိုင်မည်လည်း မဟုတ်ပေ။
ထို့ကြောင့် ပြဿနာကို ဘယ်လိုဖြေရှင်းရမည်ကို သူမစဉ်းစားနေဆဲ ဖြစ်သည်။
ထိုစဥ် ဂူချန်းဂျီမှ သူမ၏ စိတ်ဝိဥာဏ်နယ်မြေထဲ၌ ကျွေးကျွန်အမှတ်အသားစိုက်လိုသည်ဟု တောင်းဆိုလာခဲ့သည်။
ပထမတော့ ထိုစကားကြားလိုက်သည်နှင့် သူမဒေါသထွက်သွားရ၏။
သို့သော်လည်း သူမမျိုးနွယ်စု၏ မူလဝိဥာဏ်အစွမ်းကို သတိရသွားခဲ့ပြီး သဘောတူဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။
သူမတို့လို အင်မော်တယ်ရီမျိုးနွယ်စုဝင်များ၏မူလဝိဥာဏ်၌ ထူးခြားသောစွမ်းရည်တစ်ခုရှိသည်။
၎င်းမှာ သူ့တို၏ စိတ်ဝိဥာဏ်ကိုအဓိကထားတိုက်ခိုက်သည့် မည်သည့်မှော်အတတ်မျိုးကိုမဆို ခြေဖျက်နိုင်သည့် အစွမ်းပင်။
၎င်းမှာ သူ့မတို့ အင်မော်တယ်ရီမျိုးစု၏ တိုက်ရိုက်မျိုးဆက်များသာ သိနိုင်သည့်အရာဖြစ်သည်။
ဂူချန်းဂျီ သိနိုင်လိမ့်မည်တော့ မဟုတ်ချေ။
ထို့ကြောင့်လည်း ဂူချန်းဂျီ၏ တောင်းဆိုချက်ကို ရီလျူလွီ သဘောတူလိုက်ခြင်း ဖြစ်သည်။
သို့သော်လည်း တစ်စုံတစ်ရာမှားယွင်းနေသည်ကို ဂူချန်းဂျ်ီ မရိပ်မိစေရန်အတွက် သူမ တမင်ချီတုံချတုံဖြစ်ယောင်ပြုကာ ဒေါသထွက်ဟန်ဆောင်နေလိုက်၏။
ဂူချန်းဂျီလို ပါးနပ်ပြီး ပရိယာယ်များသူကိုရင်ဆိုင်ရာ၌ အသေးအဖွဲ့ကိုပင် သူမသတိထားရန် လိုအပ်သည်။
ရီလျူလွီ၏ စကားကိုကြောင့် ရီချန် စိတ်လှုပ်ရှားသွားသည်။တစ်ချိန်ထဲမှာပဲ အပြစ်ရှိသလို ခံစားလိုက်ရ၏။
အစောပိုင်းကပင် သူ့အနေနဲ့ သေရမည်ကိုကြောက်နေခဲ့သောကြောင့် ရီလျုလွီကို လှည့်စားမိခဲ့သည်ကို ဖြစ်သည်။
![](https://img.wattpad.com/cover/329914051-288-k191570.jpg)
YOU ARE READING
ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ အတွဲ ၁ (ခွင့်ပြုချက်ရပြီး)
Adventureဒီစာစဥ်မှာပါတဲ့ဇာတ်လိုက်ကျော်ကအခြားစာစဥ်တွေနဲ့မတူပဲ ဗီလိန်နေရာကိုကမ္ဘာကူးပြီးရောက်သွားခဲ့သူတစ်ဦးဖြစ်တာပါ။ အဲမှာဗီလိန်ဆိုတဲ့အတိုင်းမင်းသားတွေမင်းသမီးတွေနဲ့တွေ့ပါလေရောသူခမျာ ဗီလိန်ဆိုတော့မင်းသားတွေလို ဇာတာကမခေပဲကံကတော်တော်ဆိုးနေပါတယ်မင်းသားအထောင်းခံဘ...