အပိုင်း ၁၂

910 92 0
                                    

မှောင်မိုက်သော မြေအောက်အကျဥ်းထောင်ထဲတွင် ဖြစ်သည်။
ရီချန်၏သွင်ပြင်မှာ ညစ်ပတ်နံစော်နေပြီး ဆံပင်များလည်း ဖရိုဖရဲနှင့် ရှုပ်ပွလို့နေ၏။
သုံးရက်ဆိုသည့် အချိန်အတွင်းသူဘယ်လောက် ဒုက္ခရောက်ခဲ့သလဲဆိုတာ ရီချန်ကိုယ်တိုင်ပဲ သိမည်ဖြစ်သည်။

သူ့ထံ မည်သူကမှ လာစောင့်ကြပ်ခြင်းမရှိသလို ဘယ်သူကမှ လာရောက်စစ်ဆေးခြင်းမလုပ်ကြပေ။
လူတိုင်းက သူကို စွန့်ပစ်ထားကြ၏။

ထို့အတွက် ရီချန်စိတ်ထဲ ဂူချန်းဂျီကို ဓားနှင့် အချက်တစ်ထောင်လောက် ခုတ်ပိုင်းပြီး သတ်ချင်​ေနသည်။
သို့ပေမယ့် လက်ရှိမှာတော့ ရီချန်ထိတ်လန့်နေ၏။

အကြောင်းမူကား သူ မတွေ့ချင်ဆုံးနှင့် အမုန်းဆုံးလူသားကို မြင်လိုက်ရလို့ပဲဖြစ်သည်။

"သခင်လေးဂူ....."
"ရီချန်ကိုချုပ်ထားတာဒီနေရာပါပဲ။"

မြေအောက်အကျဥ်းထောင်စောင့် တပည့်တစ်ဦးမှ ဂူချန်းဂျီကို လမ်းညွန်ရင်း ပြောလိုက်၏။

ထိုတပည့်နောက်မှ ဂူချန်းဂျီက တည်တည်ငြိမ်ငြိမ်ပဲ လျှောက်လာခဲ့သည်။

"ကောင်းပြီ....။မင်းသွားနိုင်ပြီ...။"

ဂူချန်ဂျီ ထိုတပည့်ကို ပြောလိုက်သည်။
ထိုသူ ထွက်သွားပြီးနောက် ဂူချန်းဂျီမထူးခြားဟန်ဖြင့် ရီချန်ကိုကြည့်ပြီး ခေါင်းငြိမ့်လိုက်၏။

အခုချိန်က ရီချန် ဘယ်လိုပုံစံဖြစ်ပျက်နေလဲဆိုတာ ကြည့်ဖို့အချိန်ကောင်းပင်။
အ​ချုပ်နှောင်ခံရတဲ့ သုံးရက်တာကာလကို ရီချန်တစ်ယောက် ခက်ခဲစွာကျော်ဖြတ်နေရသည်ကိုတွေ့နိုင်၏။

ထန်းရွှမ်တော်ဝင်ဂိုဏ်းက သူ့ကိုကျေနပ်စေဖို့ရာ ရီချန်ကိုရေတစ်ပေါက်မှပင် တိုက်ပုံမရပေ။
ကံကြမ္မာသားတော်တစ်ယောက်ဖြစ်ပြီး ထိုကဲ့သို့ဒုက္ခခံနေရသည်ကို မြင်ရသည်မှာ အနည်းငယ်စိတ်မကောင်းစရာပင်။

ဒါပေါ့။ ဂူချန်းဂျီကတော့ သနားမည်မဟုတ်ပေ။

ဘာကြောင့်လဲဆိုတော့ ရီချန်မှာသာအစွမ်းရှိရင် သူ့ကိုအလွတ်ပေးမှာ မဟုတ်သောကြောင့်ဖြစ်၏။

ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ   အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now