အပိုင်း ၆၁

597 55 1
                                    


ဂူချန်းဂျီတို့အုပ်စု ရောက်လာခဲ့သည်ကို မှော်သားရဲများနှင့် အလောင်းကောင်များ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကိုခံနေရသည့် ရီလျုလွီတို့ သတိထားမိသွားကြသည်။

"ဂူချန်းဂျီ မဟုတ်လား..။"

"ဘာလို့ သူဒီလောက်မြန်မြန် ရောက်လာခဲ့တာလဲ..။"

ဂူချန်းဂျီကို မြင်လိုက်သည်နှင့် ရီလျူလွီမျက်နှာ ပျက်သွားခဲ့သည်။

အမှန်တော့ ရီချန်ကိုသတ်ဖို့ စိတ်ဝင်စားခြင်းမရှိဘူးဟု ဂူချန်ဂျီ ဖွင့်ပြောခဲ့သော်လည်း ရီလျူလွီစိုးရိမ်နေဆဲပင်။

ဂူချန်းဂျီလိုလူမျိုးက စကားမှန်ကို​ မည်မျှပြောနိုင်လိမ့်မည်နည်း...။

သူမစိတ်ထဲ၌ တစ်စုံတစ်ခုက မှားယွင်းနေသည်ဟု အမြဲသံသယရှိနေခဲ့သည်။

ဂူချန်းဂျီ သူမအကိုရီချန်ကိုမသတ်ပဲထားရသည်မှာ အခြားအကြံအစဥ်မျိုး ရှိနေနိုင်တာပဲ ဖြစ်သည်။

ဂူချန်းဂျီ၏ ရည်ရွယ်ချက်အစစ်အမှန်ကိုတော့ သူမသည်လည်း ဖော်ထုတ်န်ိုင်ခဲ့ခြင်း မရှိပေ။

သို့သောလည်း ယခုလိုချိန်၌ ဂူချန်းဂျီကို မြင်လိုက်ရသည်နှင့် သူမလျင်မြန်စွာပဲ ခန့်မှန်းနိုင်လိုက်၏။

၎င်းမှာ လျို့ဝှက်နယ်မြေနှင့် ပက်သတ်မှုရှိနေခြင်းပင် ဖြစ်သည်။

ဂူချန်းဂျီ၏နောက်ခံအရ အဆင့်တစ်ဝက်သူတော်စင်အဆင့်ပုဂ္ဂိုလ်တစ်ဦး၏အမွေအနှစ်ကို သူမက်မောနေလိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် လျို့ဝှက်နယ်မြေအတွင်းရှိ တစ်စုံတစ်ခုသော အရာကြောင့် ဖြစ်နိုင်သည်။

"မဟုတ်သေးပါဘူး...။"

"အကိုကြီးရီချန်အပြောရဆို မြေပုံက သူဆီမှာပဲ ရှိတာတဲ့...။"

"ဒါဆို ဘယ်လိုလုပ်ပြီးတော့ ဂူချန်းဂျီ ဒီနေရာကို ရောက်လာခဲ့တာလဲ...။"

"သူ့ကိုကြည့်ရတာ တည်တည်ငြိမ်ငြိမ်နဲ့ သက်တောင့်သက်သာရှိနေတယ်...။"

"လမ်းမှာ အတားအဆီးတွေ မှော်သားရဲတွေနဲ့တောင် တွေ့ခဲ့ပုံမရဘူး...။"

ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ   အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now