အပိုင်း ၅၇

597 54 8
                                    

နတ်ဘုရားတောင်တန်းဒသ၏ လူများမှာ ကစင့်ကလျားပင် ထွက်ခွါသွားကြပြီ ဖြစ်သည်။

သိပ်မကြာလိုက်ပေ။

ထိုလူများ၏ သတင်းက အလယ်ပိုင်းဒေသတစ်ခွင်သို့ တောမီးပမာ ပျံနှံလာခဲ့သည်။

နတ်ဘုရားတောင်တန်းဒေသလူများ၏ ခွေးများပမာအမြီးကုတ်ပြီးပြန်ပြေးလာရသည့် သတင်းက ကျင့်ကြံသူများကြားတွင် လူပြောများလျှက်ရှိသည်။

စားသောက်ဆိုင်များ၊လမ်းမပေါ်များနှင့် အခြားလူစည်ကားသောနေရာများတွင်  ၎င်းသတင်းကို ပြောဆိုနေကြသူများကို တွေ့နိုင်သည်။

လူတိုင်းက အကြောင်းစုံကိုသိရှိခြင်းမရှိသော်ငြားလည်း နတ်ဘုရားတောင်တန်းဒေသမှလူများ၏ စိတ်ပျက်လက်ပျက်အမှုအယာများကိုကြည့်ကာ ကောင်းမွန်အရာများ ဖြစ်လာခဲ့ခြင်းမရှိသည်ကို မှန်းဆသိနိုင်၏။

ရှေးဟောင်းနတ်ဘုရားတောင်တန်းဒေသ၏လူတွေပင် အရှင်ငယ်အတွက် လုံလောက်သည့်အင်အားမျိုးမရှိသည်က သေချာသည်။

ဤဆန်းကြယ်သည့် အရှင်ငယ်ဂူ၏နောက်ခံမှာ အလွန်ပင်ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။

တစ်ဆက်ထဲမှာပင် ရီချန်၏ ဝမ်းကွဲဆိုသူ ခရမ်းရောင်ဝတ်မိန်းကလေးက လူတိုင်း၏အာရုံကို စူးစိုက်သွားစေခဲ့၏။

သူမ၏ နောက်ခံမှာ နတ်ဘုရားတောင်တန်းဒေသ၏ လူများပင် ပိုမိုကြောက်မက်ဖွယ်ရာကောင်းသည်ဟု ဆိုကြသည်။

၎င်းက လူများကို ယုံကြည်နိုင်ဖွယ်ရာ မရှိပေ။

အထူးသဖြင့် လင်းမိသားစုစံအိမ်အပြင်ဘက်၌ စောင့်ကြည့်နေကြသည့် သူများပင်ဖြစ်သည်။

ထိုခရမ်းရောင်ဝတ်မိန်းကလေးသည်လည်း လင်းမိသားစုစံအိမ်မှ စိတ်ဆိုးမာန်ဆိုး ထွက်လာခဲ့သည်ကို ၎င်းတို့မြင်လိုက်ရခြင်းကြောင့် ဖြစ်သည်။

သူမသည်လည်း နံရံကိုကြက်ဥဖြင့် ပေါက်ခဲ့သည်အလားပင်...။

သူမသည်လည်း အထက်ဘုံမှ လာခဲ့သူတစ်ယောက်ဖြစ်နေ၏။

ကောလဟာလများက အလယ်ပိုင်းတခွင်ကို နေ့ချင်းညချင်းဆိုသလို ပျံနှံ့သွားခဲ့၏။

ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ   အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Tempat cerita menjadi hidup. Temukan sekarang