"ချန်းဂျီ ရှင်အရမ်းရက်စက်တာပဲ...။""ငါဘယ်တုန်းကမှထင်မထားခဲ့တာက နောက်ဆုံးတော့ငါ့ကိုရက်ရက်စက်စက် သတ်ပြစ်ခဲ့တဲ့သူက နင်ဖြစ်နေတာကိုပဲ...။"
"နင်က ငါ့ရဲ့အချစ်ရဆုံးနဲ့ အမုန်းဆုံးလူသားတစ်ယောက်ပဲ...။"
ယွဲ့မင်းခုန်၏ လှပသည့်မျက်လုံးအစုံက အဝေးတစ်နေရာကိုကြည့်ကာ တီးတိုးရေရွတ်နေခဲ့၏။
သူမ၏ မျက်လုံးထောင့်နား၌ မျက်ရည်စအနည်းငယ်ပင် ခိုဝဲလာခဲ့သည်ကိုတွေ့နိုင်ပြီး လျင်လျင်မြန်မြန်ပဲ ပျောက်ကွယ်သွားခဲ့ကာ သူမ၏မျက်လုံးများကို ပြန်ဖွင့်ချိန်မှာတော့ အေးစက်ပြီး ခံစားချက်မဲ့သည့် မျက်လုံးများအဖြစ်သို့ တစ်ဖန်ပြောင်းလဲသွားသည်။
သူမ၏စိတ်တွေ ပြန်တည်ငြိမ်လာအောင် ကြိုးစားလိုက်ရ၏။
၎င်းမှာ သူမနှစ်ဝက်တာကာလမျှ မက်ခဲ့ရသည့်အိမ်မက်ဆိုးတစ်ခုဖြစ်ပြီး နာကျင်မှုကိုပင် သူမ ရင်းနှီးကျွမ်းဝင်နေခဲ့ပြီ ဖြစ်သည်။
ယွဲ့မင်းခုန်တစ်ခုနားမလည်ခဲ့သည်က သူမအဘယ်ကြောင့် လာမည့်နှစ်ပေါင်းသုံးထောင်အချိန်ကာလမှ ယခုအချိန်သို့ပြန်ရောက်လာခဲ့သည်ကိုပဲ ဖြစ်သည်။
သူမပြန်လည်မွေးဖွားလာခဲ့သည်မှာ နှစ်ဝက်ခန့်ရှိပြီဖြစ်သည်။
သို့သော်လည်း သူမ၏ စိတ်ကူးပုံရိပ်များ၌ ဂူချန်းဂျီနှင့်သူမတို့ မင်္ဂလာရက်နေ့အကြောင်းအရာများက တစ်ဖန်တစ်လဲလဲ မြင်ယောင်လျှက်ရှိ၏။
ထိုအချိန်၌ လောကတစ်ခွင်လုံးတွင် ကောင်းချီးသြဘာသံများက လွှမ်းထုံလျှက်ရှိနေခဲ့ပြီး သန့်စင်ကြည်လင်သည့် စိမ့်စမ်းရေများတွင် ရွှေကြာပန်းများက ဖူးပွင့်ဝေဆာနေကြသည်။
သူမ၏ဦးခေါင်းထက်၌ ဖီးနစ်ဌက်သရဖူကိုပန်ဆင်ထားခဲ့ကာ အနီရောင် သတို့သမီးဝတ်စုံနှင့် အလှကြိီးလှနေခဲ့၏။
သတို့သားသည်လည်း အလွန်ပင်ချောမောခန့်ညားနေခဲ့ကာ တစ်လောကလုံး၌ပင် ပြိုင်စံရှားလောက်ပေသည်။
မင်္ဂလာညချမ်းအချိန်၌ မင်္ဂလာသေရည်ကိုပင် တူယှဥ်တွဲကာ သောက်သုံးနေခဲ့သေးသည်။
![](https://img.wattpad.com/cover/329914051-288-k191570.jpg)
YOU ARE READING
ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ အတွဲ ၁ (ခွင့်ပြုချက်ရပြီး)
Adventureဒီစာစဥ်မှာပါတဲ့ဇာတ်လိုက်ကျော်ကအခြားစာစဥ်တွေနဲ့မတူပဲ ဗီလိန်နေရာကိုကမ္ဘာကူးပြီးရောက်သွားခဲ့သူတစ်ဦးဖြစ်တာပါ။ အဲမှာဗီလိန်ဆိုတဲ့အတိုင်းမင်းသားတွေမင်းသမီးတွေနဲ့တွေ့ပါလေရောသူခမျာ ဗီလိန်ဆိုတော့မင်းသားတွေလို ဇာတာကမခေပဲကံကတော်တော်ဆိုးနေပါတယ်မင်းသားအထောင်းခံဘ...