ဖြစ်စဥ်တွေက ရသမြောက်တဲ့ ပြဇာတ်တစ်ပုဒ်ပမာ ထန်ရွှမ်တော်ဝင်ဂိုဏ်းဂိတ်တခါးဝတွင် ကပြဖျော်ဖြေနေကြတော့သည်။စောစောပိုင်းကပဲ ရက်စက်ပုံရပြီး ရန်လိုမှုအပြည့်ဖြင့် ရောက်လာကြသည့် အင်အားစုတွေက လက်ရှိအချိန်မှာတော့ ဆွေမျိုးပေါက်ဖော်များသဖွယ် ပြုမှုနေကြသည်ပဲ ဖြစ်သည်။
ဒီတိုင်းသာဆို ထိုအင်အားစုတွေက တစ်မိသားစုထဲကလားဟုပင် လူတွေထင်မှားစေနိုင်တာပဲ ဖြစ်သည်။
"ဒါက ..။ "
"ခွန်အားရှိခြင်းရဲ့ ပြယုဒ်တစ်ခုပဲ။"
"ချန်းကျီသာ သခင်လေးဂူရဲ့ နှစ်သက်မြတ်နိုးမှုကို ရနေမယ်ဆိုရင် အနာဂတ်မှာ လူတွေက ထန်းရွှမ်တော်ဝင်မြေကို မော်ကြည့်ဝံ့မှာမဟုတ်ဘူး.....။"ထန်းရွှမ်တော်ဝင်အရှင်စိတ်ထဲ သက်ပြင်းချကာ တွေးမိလိုက်၏။
သူစိတ်ထဲမှာတော့ ထန်းရွှမ်တော်ဝင်ဂိုဏ်း၏ အနာဂတ်ကိုတွေးရင်း စိတ်အားထက်သန်မှုတွေနဲ့ ပြည့်နှက်နေတာပဲ ဖြစ်သည်။
သို့ပေမယ့်လည်း သူမျက်နှာပေါ်မှ တည်ငြိမ်ပြီး ဂုဏ်ယူဝံ့ကြွားသည့်အမှုအရာက ပြောင်းလဲခြင်းမရှိပေ။
သူစိတ်ထဲမှာတော့ ကိစ္စတစ်ခုကို ရှင်းလင်းစွာပဲ သိထားသည်။
အကယ်ဤများ ဂူချန်းဂျီသာမရှိခဲ့ရင် ထိုအင်အားစုများလက်ချက်ဖြင့် ထန်ရွှမ်တော်ဝင်ဂိုဏ်းတစ်ခုလုံး ပြာပုံအတိသို့ ဘဝပြောင်းသွားမယ်ဆိုတာပဲ ဖြစ်သည်။
ထို့ကြောင့်လည်း သူတင်မကပဲ ထန်းရွှမ်တော်ဝင်ဂိုဏ်းတစ်ခုလုံး ဂူချန်ဂျီအပေါ်၌ အကြွေးတင်နေ၏။
သူတို့အားလုံး၏ စိတ်ထဲမှာလည်း ဂူချန်းဂျီက လက်ရှိအဖြစ်အပျက်တွေရဲ့ အခရာဆိုတာကို သိထားကြတာပဲ ဖြစ်သည်။
ဂူချန်းဂျီက ထိုကဲ့သို့အရာကို ပေးနိုင်စွမ်းရှိသလို ဖျက်ဆီးနိုင်စွမ်းလည်းရှိတယ်ဆိုတာလည်း သိရှိထားကြ၏။
"မင်းတို့တွေ သခင်လေးဂူကို တွေ့ချင်ရင် စိတ်ရင်းကို ပြသဖို့ လိုလိမ့်မယ်...။"
"လူတိုင်းက သခင်လေးဂူကို တွေ့နိုင်တာမဟုတ်ဘူး.....။"
YOU ARE READING
ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ အတွဲ ၁ (ခွင့်ပြုချက်ရပြီး)
Adventureဒီစာစဥ်မှာပါတဲ့ဇာတ်လိုက်ကျော်ကအခြားစာစဥ်တွေနဲ့မတူပဲ ဗီလိန်နေရာကိုကမ္ဘာကူးပြီးရောက်သွားခဲ့သူတစ်ဦးဖြစ်တာပါ။ အဲမှာဗီလိန်ဆိုတဲ့အတိုင်းမင်းသားတွေမင်းသမီးတွေနဲ့တွေ့ပါလေရောသူခမျာ ဗီလိန်ဆိုတော့မင်းသားတွေလို ဇာတာကမခေပဲကံကတော်တော်ဆိုးနေပါတယ်မင်းသားအထောင်းခံဘ...