ကျောင်းဇူနယ်မြေ....။ကျောင်းဇူနယ်မြေကို အပိုင်းရှစ်ပိုင်းခွဲခြားထားပြီး အလယ်ပိုင်းဒေသမှာ အရင်းမြစ်တွေ ပေါကြွယ်ဝဆုံးသော ဒေသတစ်ခုပဲ ဖြစ်သည်။
မြောက်များလှတဲ့ ကျင့်ကြံခြင်းအဖွဲ့အစည်းတွေနဲ့ အင်အားကြီးဂိုဏ်းတွေ၊ကျောင်းတော်တွေ၏ အခြေစိုက်ရာအရပ်လည်း ဖြစ်သည်။
အဆုံးမဲ့တာအို ကျောင်းတော်မှာ ထိုဒေသရှိ အကောင်းဆုံးကျောင်းတစ်ခုဆိုလည်း မမှားပေ။
အနယ်နယ်အရပ်ရပ်မှာ ပါရမီရှင်လူငယ်သူရဲကောင်းများ၏ ပညာနို့စို့ရာ ကျောင်းတော်တစ်ခုဖြစ်ပြီး ပါရမီရှင်ကျောင်းတော်ဟုလည်း ကျော်ကြားသည် ဖြစ်၏။
အဆုံးမဲ့တာအိုကျောင်းတော်၌ ပညာသင်ကြားခွင့်ရရှိသူများမှာ လူကြားမှနဂါးလို လူမျိုးတွေပဲဖြစ်ပြီး ထိုသူတွေ၏ အနာဂတ်မှာ အကန့်အသတ်မရှိပေ။
ကျောင်းဇူနယ်မြေအတွင်းရှိ တော်ဝင်မြေအရှင်များနှင့် ဂိုဏ်းခေါင်းဆောင်များမှာ ငယ်စဥ်အခါက တာအိုကျက်သရေကျောင်းတော်၌ ပညာသင်ကြားဖူးသည်ပဲ ဖြစ်သည်။
သို့ပေမယ့်လည်း ကျောင်းတော်အတွင်းရှိ ဆိတ်ငြိမ်သည့် အခန်းတစ်ခုမှာတော့ ပြသနာတစ်ခု ဖြစ်နေတာပဲ ဖြစ်သည်။
မီးခိုးရောင်ဝတ်ရုံကို ဆင်မြန်းထားသည့် အမျိုးသမီးငယ်၏ မျက်လုံးအစုံမှာ ရေခဲတမျှ အေးစက်လို့နေသည်။ သူမ တစ်ကိုယ်လုံးမှာ ဒေါသကြောင့် တုန်ယင်နေခဲ့၏။
အခန်းထဲရှိ ဆယ်ကျော်သက်ကောင်လေးတွေနှင့် ကောင်မလေးတွေလည်း ခုံတစ်ခုံပေါ် ငိုက်မြှီးနေသည့် လူငယ်လေးတစ်ဦးကို အထင်သေးဟန်ဖြင့် ကြည်ရှုနေကြပြီး လှောင်ပြောင်နေသည် ပဲ ဖြစ်သည်။
"ဒီလို အမှိုက်လိုကောင်မျိုးက တာအိုကျက်သရေကျောင်းကို ဝင်ခွင့်ရပြိီး ငါတို့နဲ့အတူ ပညာသင်နေတာကိုက ငါတို့သိက္ခာကျစေတာပဲ.....။"
"ဟုတ်တယ်....။သူ့ရဲ့ ရှေးဟောင်းလင်းမိသားစုနဲ့ အမကြီးဖြစ်သူကြောင့် သာမဟုတ်ရင် ငါတို့နဲ့အတန်းဖော် ဖြစ်လာနိုင်စရာ မရှိဘူး.....။"
YOU ARE READING
ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ အတွဲ ၁ (ခွင့်ပြုချက်ရပြီး)
Adventureဒီစာစဥ်မှာပါတဲ့ဇာတ်လိုက်ကျော်ကအခြားစာစဥ်တွေနဲ့မတူပဲ ဗီလိန်နေရာကိုကမ္ဘာကူးပြီးရောက်သွားခဲ့သူတစ်ဦးဖြစ်တာပါ။ အဲမှာဗီလိန်ဆိုတဲ့အတိုင်းမင်းသားတွေမင်းသမီးတွေနဲ့တွေ့ပါလေရောသူခမျာ ဗီလိန်ဆိုတော့မင်းသားတွေလို ဇာတာကမခေပဲကံကတော်တော်ဆိုးနေပါတယ်မင်းသားအထောင်းခံဘ...