အပိုင်း ၂၈

747 67 0
                                    


လူအိုကြီးမင်လောင်၏ အမည်ရင်းမှာ လင်းမင်ပဲ ဖြစ်သည်။

အထက်ဘုံသို့ တက်လှမ်းခဲ့တဲ့နောက်မှာတော့ ဂူမျိုးနွယ်စု၏ ဧည့်အကြီးအကဲတစ်ဦး ဖြစ်လာခဲ့ပြီး မင်လောင်(လောင်=အိုမင်းသော)ဟုသာ အမည်တွင်နေတာပဲ ဖြစ်သည်။

လွန်ခဲ့သော နှစ်သုံးသောင်းခန့်က သူ့၏ ကျင့်ကြံခြင်းအဆင့်မှာ အမည်ခံနတ်ဘုရားအဆင့် သာရှိသည် ဖြစ်သည်။

လက်ရှိအချိန်မှာတော့ အဖိုးမင်၏ ကျင့်ကြံမှုက အုပ်ချုပ်သူနတ်ဘုရားအဆင့်ကို ရောက်လို့နေခဲ့ပြီ ဖြစ်သည်။

အထက်ဘုံရှိ ဂူမိသားစုအတွင်း၌မှာပင် အတော်အသင့် အားကောင်းသော သူများထဲ ပါဝင်သည်လို့ ဆိုနိုင်သည်။

အဆင့်နိမ့်ကမ္ဘာမှာ အဖိုးမင်၏ စွမ်းအားမှန်ကို ဖော်ထုပ်ဖို့ရာ မဖြစ်နိုင်ပေ။

အကြောင်းမှာ လက်ရှိကမ္ဘာ၏ ကမ္ဘာ့ဆန္ဒမှ သွေဖီသည်ကို ခံရမည်ပဲ ဖြစ်သည်။

သူကဲ့သို့ အုပ်ချုပ်သူနတ်ဘုရားတစ်ပါးကတောင် ကမ္ဘာဆန္ဒကို သွေဖီဖို့ မဖြစ်နိုင်ပေ။

"ငါ လင်းမိသားစုကို ကြည့်ရှုလိုက်မယ်။ "

ဂူချန်းဂျီ အဖိုးမင်ကို ခေါင်းငြိမ့်ပြပြီး ပြောလိုက်သည်။

တစ်ချိန်ထဲမှာပဲ ရီချန်၏ အခြေအနေကို စုံစမ်းရန် စနစ်ဖြင့် ဆက်သွယ်လိုက်သည်။

"အခုနေ ရီချန်ရဲ့ ကံကောင်းမှုအမှတ် ဘယ်လောက်ရှိသေးလဲ....?။ "

အစောပိုင်းကပင် စနစ်မှ သတိပေးချက်ကို သူကြားလိုက်ရတာ ဖြစ်သည်။

ကမ္ဘာ့ စည်းချက်တွေက ဖောက်လွဲဖောက်ပြန် ဖြစ်နေခဲ့ပြီး ပြန်တည့်မတ်ဖို့ကြိုးပမ်းရာမှ ကံကြမ္မာသားတော်အသစ် ပေါ်လာသည့် အကြောင်းပဲ ဖြစ်သည်။

ရီချန်မှာ ပထွေးဖြစ်သူ မိုးကောင်းကင်တာအိုမှ လက်လျှော့လိုက်ပုံ ရ၏။

{"ရီချန်ရဲ့ ကံကောင်းမှုအမှတ် နှစ်ရာသုံးဆယ် ကျန်သေးပါတယ် ပိုင်ရှင်...။}

ထိုအချိန်၌ စနစ်၏ အေးစက်စက်သတ္ထုသံက ပြန်ဖြေလာခဲ့သည်။

"ကံကြမ္မာရဲ့ အပြစ်ပေးခံရတာက ငါ့ရဲ့ကံကောင်းမှုအမှတ်နဲ့ ကံကြမ္မာသားတော်ရဲ့ ကံကောင်းမှုအမှတ် ကွာခြားချက်ကြောင့် မဟုတ်လား...?။ "

ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ   အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now