ခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်သွားပုံက အပ်ကျသံကိုပင် ကြားနိုင်လောက်၏။
ငါနဲ့ လာကစားချင်တာလား။မင်းတော့ နုပါသေးတယ်။
ဂူချန်းဂျီ မည်သည့်စကားမှ ဆိုခြင်းမရှိပေ။သူ့ ခေါင်းကို အသာအယာပဲ ခါယမ်းမိလိုက်၏။
ဝတ်စုံဖြူဝတ်ပြီး လက်ကိုနှောက်ပြစ်ကာရပ်နေသော သူ့မျက်လုံးများထဲ၌ လေးနက်မှုကိုတွေ့မြင်နိုင်သည်။
သူအသွင်က ပုရွက်ဆိတ်လေးတွေသွားလာနေသည်ကို အထက်စီးကကြည့်ရှုနေသည်နှင့်ပင် တူသည်။
ရီချန်မှာတော့ ဒူးထောက်နေရသည်ကို ရှက်ရွံ့နေပုံရသည်။
ဖြူရော့်နေသော သူမျက်နှာပေါ်၌ အလိုမကျမှုတို့ အထင်းသားပေါ်လွင်နေ၏။
တစ်ကိုယ်လုံးလဲ ချွေးတွေနှင့်စိုစွတ်နေပြီး ခေါင်းပင်မဖော်နိုင်ပေ။
ဒီအရာတွေကြည့်ပြီး လူတိုင်းကိုထိတ်လန့်စေသည်။
ဂူချန်းဂျီ အကြောင်းအနည်းငယ်သိထားသည့် ထန်းရွှမ်တော်ဝင်မြေ ဂိုဏ်းလူများ၏ ထိတ်လန့်မှုမှာအခြားသူများထက်ပင် ပိုသည်။
အမှန်တော့ ဂူချန်ဂျီ၏ အသက်အရွယ်က ထန်းရွှမ်ဂိုဏ်း၏ မျိုးဆက်သစ်များနှင့် ရွယ်တူခန့်သာ ရှိသည်။
ဒါပေမဲ့ ယခုပြသလိုက်တဲ့ သူ့ခွန်အားအရ ထန်းရွှမ်ဂိုဏ်းခေါင်းဆောင်နှင့်ပင် တူညီမှုရှိနိုင်သည်။
"ဂူသခင်လေးက ငယ်ရွယ်ပေမဲ့ ကျင့်ကြံမှုက မခန့်မှန်းနိုင်လောက်အောင် မြင့်မားတာပဲ.....။
ထန်းရွှမ်တော်ဝင်အရှင်က အံ့အား
သင့်မှုကို ထိန်းမထားနိုင်တော့ပဲ ပြောလိုက်သည်။တစ်ချိန်ထဲမှာပဲ သမီးဖြစ်သူ၏ ဖြူရော်နေသောမျက်နှာကို ခိုးကြည့်မိလိုက်ပြီး တိတ်တခိုးသက်ပြင်းချလိုက်၏။
ရီချန်တစ်ယောက် ကျင့်ကြံမှုဖျက်ဆီးပြီး ဂိုဏ်းမှနှင်ထုပ်ခံရမည့်အရေးကို တော်ဝင်အရှင်ကသိနေခဲ့ပုံရသည်။
ဘာကြောင့် အရှင်ငယ်ကိုမှ ရန်စရတာလဲ။
ဒီအချိန်မှာတော့ ရီချန်၏ ကံကြမ္မာကိုသူစိတ်ထဲကျိတ်ပြီး ဆုံးဖြတ်လိုက်ပြီးပြီ ဖြစ်သည်။
YOU ARE READING
ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ အတွဲ ၁ (ခွင့်ပြုချက်ရပြီး)
Adventureဒီစာစဥ်မှာပါတဲ့ဇာတ်လိုက်ကျော်ကအခြားစာစဥ်တွေနဲ့မတူပဲ ဗီလိန်နေရာကိုကမ္ဘာကူးပြီးရောက်သွားခဲ့သူတစ်ဦးဖြစ်တာပါ။ အဲမှာဗီလိန်ဆိုတဲ့အတိုင်းမင်းသားတွေမင်းသမီးတွေနဲ့တွေ့ပါလေရောသူခမျာ ဗီလိန်ဆိုတော့မင်းသားတွေလို ဇာတာကမခေပဲကံကတော်တော်ဆိုးနေပါတယ်မင်းသားအထောင်းခံဘ...