အပိုင်း ၂၆

743 69 0
                                    


မင်လောင်၏ ဇာတိမှာ လက်ရှိဂူချန်းဂျီရောက်နေသည့် အဆင့်နိမ့်ကမ္ဘာမှပဲ  ဖြစ်သည်။

ထိုအကြောင်းကို မင်လောင် ပြောကြားချက်အရ သူသိထားသည်။

ထိုအချက်ကလဲ မူရင်းခန္ဓာပိုင်ရှင်မှ သူနဲ့အတူ အဖော်အဖြစ် အဆင့်နိမ့်ကမ္ဘာကို လိုက်ပါစေခဲ့ခြင်း ဖြစ်၏။

ကျောင်းဇူနယ်မြေအကြောင်းကို ရှင်းပြသည့် ဆုချန်းကျီကျေးဇူးကြောင့် ဂူချန်းဂျီ ထိုအချက်ကို မှတ်မိသွားတာပဲ ဖြစ်သည်။

မင်လောင်၏ နောက်ခံကြောင့် ကျောင်းဇူနယ်မြေသွားမည့် ခရီးလမ်း ပိုမိုလွယ်ကူမှာ အမှန်ပင်။

"ဒီလိုဆိုရင် ချန်းကျီ ကြိုတင်ပြင်ဆင်ထားလိုက်မယ်..။"

ဆုချန်းကျီအပြောကို ဂူချန်းဂျီ  ခေါင်းငြိမ့်ပြလိုက်သည်။

အခန်းမှ ထွက်သွားတဲ့ သူမကိုကြည့်ရင်း ဂူချန်းဂျီ ထိုင်ခုံပေါ်၌ ကျောမှီပြီးထိုင်လိုက်သည်။

ထို့နောက် အနည်းငယ်မျှစဥ်းစား လိုက်ပြီးဘေးကို ခေါင်းလှည့်ကာမေးလိုက်၏။

"အဖိုးမင်က လွန်ခဲ့တဲ့ နှစ်သုံးသောင်းလောက်က ကျောင်းဇူနယ်မြေကနေပြီး  အထက်ဘုံကို တက်လှန်းခဲ့တာ ဟုတ်တယ်မလား..? "

အခန်းထောင့် တစ်နေရာ၌ လေဟာနယ်မှာ လှိုင်းများထန်သွားပြီး အဖိုးအို မင်လောင်၏ ပုံရိပ်က ထွက်ပေါ်လာခဲ့၏။

အဖိုးမင်မှာ လေးလေးစားစားပဲ ဂူချန်းဂျီကို ပြန်ဖြေလိုက်သည်။

"သခင်လေးကို လျှောက်တင်ပါတယ်။ "

"လွန်ခဲ့တဲ့ အနှစ်သုံးသောင်းဝန်းကျင်က ဒီအစေခံအိုကြီး ကျောင်းဇူနယ်မြေမှ အထက်ဘုံကို တက်လှန်းနိုင်ခဲ့ပါတယ်။ "

"ကံမကောင်းစွာပဲ အထက်ဘုံရောက်ရောက်ခြင်းမှာ အင်အားစုတစ်ခုရဲ့ မိုင်းတွင်းအလုပ်သမားအဖြစ် ကျွန်ပြုခြင်းခံခဲ့ရပါတယ်။ "

"မျိုးနွယ်စု အကြီးအကဲ၏ ကြုံကြိုက်တုန်းသာ ကယ်တင်မှုမပြုခဲ့ရင် အခုလောက်ဆို အစေခံအိုကြီးရဲ့အရိုးတွေ အဲ့ဒီ မိုင်းတွင်းထဲမှာ ဆွေးနေလောက်ပါပြီ။ "

ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ   အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Donde viven las historias. Descúbrelo ahora