အပိုင်း ၁၆

873 82 0
                                    


ကျင့်စဥ်တွေက ဂူချန်းဂျီအတွက် ရှားပါးသည် မဟုတ်ပေ။
ထိုအတွက်ကြောင့် သူ့၏ စိတ်ဝင်စားမှုကို မွေးရာပါစွမ်းအားထံသို့ လျှင်မြန်စွာကူးပြောင်း​ေစလိုက်သည်။
မွေးရာပါစွမ်းအားဆိုတာက
ကျင့်ကြံသူများ မွေးဖွားလာချိန်တွင်
တပါတည်းဖြစ်တည်နေသည့် ပင်ကိုယ်စွမ်းရည်တစ်ရပ်ပဲ ဖြစ်သည်။
တချို့သောလူတွေက သန်မာသည့်သွေးမျိုးဆက်ဖြင့်မွေးဖွားလာတာပဲဖြစ်သည်။ ထိုသူတို့၏ ဘိုးဘေးများထံမှ အဆင့်မြင့်မှော်အတတ်တွေကို သွေးမှတဆင့် အမွေဆက်ခံရရှိကြ၏။
တချို့လူတွေမှာမှု မွေးရာပါ စွမ်းအားမြင့် ခန္ဓာဖွဲ့စည်းပုံမျိုးရှိပြီး အလွန်ပင် သန်မာကြသည်ပဲ ဖြစ်သည်။
အတိုချုပ်ပြောရရင် မွေးရာပါစွမ်းအားတွေက ရေတွက်လို့ပင် မကုန်နိုင်ပေ။ထို မှော်စွမ်းရည်တွေက လူတွေမွေးဖွားချိန်မှ ဖြစ်တည်လာတာပဲ ဖြစ်၏။
သို့သော်လည်း စနစ်ထဲမှာတော့ အမှတ်တွေနဲ့ တိုက်ရိုက်ပဲ ရယူနိုင်တာဖြစ်၏။

ဂူချန်ဂျီ အထက်အောက်လှန်လောပြီး ကြည့်နေခဲ့သည်။
သူရဲ့ မွေရာပါအစွမ်းအစက အလွန်ကြောက်ဖို့ကောင်းနေတာ ဖြစ်သည်။
သူ့မှာရှိတဲ့ နတ်ဆိုးနှလုံးသားက အမျိုးမျိုးသော မှော်ပညာအစွမ်းတွေကို ဘေးထွက်ဆိုးကျိုးမရှိပဲ စုပ်ယူသိမ်းဆည်းထားနိုင်တာပဲ ဖြစ်သည်။
တစ်စုံတစ်ယောက်က မွေးရာပါစွမ်းအားနှစ်မျိုးကို ပေါင်းစည်းဖို့ဆိုတာ အလွန်အန္တရာယ် များသောကိစ္စပဲဖြစ်သည်။ ဂူချန်းဂျီ အတွက်မှာမှု ထိုကဲ့သို့ မဟုတ်ပေ။
မဟုတ်ရင် လက်ရှိအချိန်တွင် သူရဲ့အရိုးတွေ ဆွေးနေလောက်ပြီပဲ ဖြစ်သည်။
တာအိုအရိုးမှာလည်း အလွန်တရာမျှ ဆန်းကြယ်ပြီး စွမ်းအားကြီးသည့် အရာတစ်ခုပဲ ဖြစ်သည်။
တာအို၏ နိယာမ သဘောတရားတွေက  ထိုအရိုးထဲမှာ မှော်သင်္ကေတအသွင်ဖြင့် တံဆိပ်ခတ်နှိပ်ထားတာပဲ ဖြစ်သည်။

အကယ်ဤများ သူ့ကျင့်ကြံမှုလမ်းခရီးတွင် တစ်စုံတစ်ရာချွတ်ချော်မှုမရှိပါက အနာဂတ်တွင် အထွတ်အထိပ်သို့ ရောက်မည်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်၏။
သူရဲ့တက်လမ်းက အဆုံးအစမဲ့ဖြစ်ပြီး ကောင်းကင်တာအို၏ဆွေမျိုးတော်စပ်သည်ဟုပင် ဆိုနိုင်သည်။
မည်သို့ပင်ဖြစ်စေကာမှု လူဆိုတဲ့အမျိုးက ရောင့်ရဲတင်းတိမ်နိုင်စွမ်း မရှိတာအမှန်ပင်။
ဂူချန်ဂျီလည်း ထူးမခြားနား ဖြစ်သည်။
စနစ်မှာပါဝင်တဲ့ မွေးရာပါစွမ်းအားတွေထဲမှ တစ်ခုကိုကြည့်ပြီး ဂူချန်းဂျီ၏မျက်လုံးတွေ အရောင်တောက်လာခဲ့သည်။

ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ   အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now