စနစ်မှ အသစ်စက်ဖော်ပြချက်များကိုကြည့်ပြီး ဂူချန်းဂျီ အလွန်ကျေနပ်မှုရှိနေသည်ဟု ဆိုနိုင်သည်။ယခုလိုမျိုး ကြာရှည်စွာမွေးမြူထားသည်က ဆူဖြိုးသောအသားကို ရရှိသည်မှာတော့ မလွဲပင်....။
လက်ရှိ သူ့၏ကံကြမ္မာအမှတ်တွေက တစ်သောင်းနီးပါးကို ရောက်သွားခဲ့ပြီး ကံကောင်းမှုအမှတ်တွေမှာလည်း နှစ်ထောင်ပြည့်တော့မည် ဖြစ်သည်။
ထိုတင်မကပေ...။
အခြားကောင်းမွန်သည့် ဆုကြေးများကိုလည်း ရရှိလိုက်သေး၏။
ဤပမာဏက သူ့ကို ကိစ္စများစွာနှင့် အစီအစဥ်များကို အကောင်အထည်ဖော်နိုင်စေမည် ဖြစ်သည်။
ဒါပေါ့..။လောလောဆယ် ဂူချန်းဂျီအတွက် အရေးတကြီးလုပ်စရာတစ်ခု ကျန်သေးတာ ဖြစ်သည်။
"ဖျက်ဆီးခြင်းရှစ်ပါးနတ်ဆိုးလှံ"
၎င်းမှာ သူ့၏ အဆင့်နိမ့်ကမ္ဘာကိုလာရောက်ခြင်း၏ အဓိကအကြောင်းဆိုလည်းမမှားပေ။
ရီချန်ကို သူလက်စတုံးလိုက်ပြီဖြစ်သောကြောင့် ၎င်းကသူ့အိပ်ကပ်မှ ပြေးလွှတ်တော့မည်တော့ မဟုတ်ချေ။
အမှန်တော့ လျို့ဝှက်နယ်မြေ၏ အမွေအနှစ်ကို ဂူချန်းဂျီ အရေးစိုက်ခြင်းမရှိပေ။
သူတော်စင်တစ်ပိုင်းကျင့်ကြံသူ၏ အမွေနှစ်က ရီချန်လို အညတရတစ်ယောက်ကိုသာ မက်မောတောင့်တစေမှာဖြစ်သည်။
သူ့လို ခန့်ညားပြီး ကြွယ်ဝချမ်းသာသူအတွက်တော့ ကျင့်ကြံမှုနည်းစနစ်များမှာ ရှားပါးသည်ဟု မဆိုနိုင်တာပဲ ဖြစ်သည်။
စနစ် ရှိနေသည်ကိုတော့ ထည့်ပြောစရာပင် မလို့တော့ချေ။
"အရင် ကောင်းကင်တာအိုရတနာသေတ္တာအရဆို ဟင်းလင်ပြင်သွေးအဆီနှစ်ဟာ ကံကြမ္မာသားတော်နဲ့ ဆက်စပ်နေမှာပဲ...။"
" ရီချန်ဆ်ီမှာ လျှို့ဝှက်ထားတဲ့ သွေးစွမ်းရည် ရှိနေခဲ့တာလား...။"
"ဒါပေမယ့် အဲတာက အရေးမကြီးတော့ပါဘူး။
ဂူချန်းဂျီ စဉ်းစားနေခဲ့သည်။
YOU ARE READING
ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ အတွဲ ၁ (ခွင့်ပြုချက်ရပြီး)
Adventureဒီစာစဥ်မှာပါတဲ့ဇာတ်လိုက်ကျော်ကအခြားစာစဥ်တွေနဲ့မတူပဲ ဗီလိန်နေရာကိုကမ္ဘာကူးပြီးရောက်သွားခဲ့သူတစ်ဦးဖြစ်တာပါ။ အဲမှာဗီလိန်ဆိုတဲ့အတိုင်းမင်းသားတွေမင်းသမီးတွေနဲ့တွေ့ပါလေရောသူခမျာ ဗီလိန်ဆိုတော့မင်းသားတွေလို ဇာတာကမခေပဲကံကတော်တော်ဆိုးနေပါတယ်မင်းသားအထောင်းခံဘ...