ထန်းရွှမ်တော်ဝင်မြေဂိုဏ်း၌ ဖြစ်ပျက်သမျှတွေက အရှေ့ဘက်ကုန်းမြေဒေသတစ်ခုလုံးကို လျင်လျင်မြန်မြန်ပဲ ပျံ့နှံ့သွားခဲ့သည်။ထန်းရွှမ်တော်ဝင်မြေကို ကျူးကျော်ဖို့ရောက်လာကြသည့် အဓိကအင်အားကြီးတော်ဝင်မြေများနှင့် အခြားသော ဂိုဏ်းအသီးသီးတို့မှာ တိုက်ခိုက်ဖို့ပင်မဆိုထားနှင့် ရိုကျိုးစွာဖြင့် ဂါရဝပြုခဲ့ရသည့် အဖြစ်ပင် ဖြစ်သည်။
ထိုသတင်းက များစွာသော ကျင့်ကြံသူများကို အံ့သြထိတ်လန့်စေပြီး မယုံကြည်နိုင်ကြပေ။
တစ်ချိန်ထဲမှာပဲ ထိုနေ့ဖြစ်ရပ်ကို မှတ်တမ်းတင်ထားသည့် ပုံရိပ်ကျောက်တုံးများမှ ပုံရိပ်တွေက ပျံ့နှံ့လာခဲ့သည်။
ထိုပုံရိပ်တွေထဲ၌ ထန်းရွှမ်တော်ဝင်ဂိုဏ်း ခန်းမအတွင်းဖြစ်စဥ်ကို မှတ်တမ်းတင်ထားသည့် အကြောင်းအရာများလည်း ပါဝင်သည်။
ထို့ကြောင့် အထက်ဘုံမှ ရောက်လာသည့် လူရွယ်တစ်ဦးအကြောင်းကို လူတိုင်း သိရှိသွားကြသည်။
မရေတွက်နိုင်တဲ့ ကျင့်ကြံသူတွေမှာ အံအားသင့်လို့ မဆုံးနိုင်ပေ။
"အထက်ဘုံဆိုတာ အမှန်တကယ် တည်ရှိတာပဲ.....။ "
လူတိုင်း၏ နှလုံးသားထဲ၌ အမှန်တရားတစ်ခုနှင့် ပြည့်နေခဲ့၏။
ထိုမယုံနိုင်ဖွယ်ရာသတင်းက အရှေ့ဘက်ကုန်းမြေတင်မက အခြားထိစပ်နေသည့် နယ်မြေများကိုပါ ရိုက်ခတ်သွားခဲ့သည်။
"အခု အရှေ့ဘက်ကုန်းမြေဒေသမှာ ပြောင်းလဲမှုတွေ ဖြစ်နေခဲ့ပြီ.....။ "
"မှန်တယ်...။ ဒဏ္ဍာရီလာ အထက်ဘုံမှလာတဲ့ လူငယ်တစ်ဦးကြောင့်ဆို ပိုမှန်လိမ့်မယ် ....။ "
"ရှေးယခင်ကတည်းက အထက်ဘုံကို တက်လှမ်းဖို့ဆိုတာ ခက်ခဲတဲ့ကိစ္စ တစ်ခုပဲ။ "
"အထက်ဘုံမှ ဆင်းဖို့ဆိုတာ ပိုလို့တောင် မဖြစ်နိုင်ဘူး။ "
"ဒါကိုကြည့်တာနဲ့ ဘယ်လောက်တောင်စွမ်းအားကြီးမယ်ဆိုတာကို ခန့်မှန်းလို့ရတယ်။ "
"အရှင်ငယ် ခွန်အားက မိုးကောင်းကင်ကိုတောင် ဆန့်ကျင်နေလိမ့်မယ်....။ "
YOU ARE READING
ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ အတွဲ ၁ (ခွင့်ပြုချက်ရပြီး)
Adventureဒီစာစဥ်မှာပါတဲ့ဇာတ်လိုက်ကျော်ကအခြားစာစဥ်တွေနဲ့မတူပဲ ဗီလိန်နေရာကိုကမ္ဘာကူးပြီးရောက်သွားခဲ့သူတစ်ဦးဖြစ်တာပါ။ အဲမှာဗီလိန်ဆိုတဲ့အတိုင်းမင်းသားတွေမင်းသမီးတွေနဲ့တွေ့ပါလေရောသူခမျာ ဗီလိန်ဆိုတော့မင်းသားတွေလို ဇာတာကမခေပဲကံကတော်တော်ဆိုးနေပါတယ်မင်းသားအထောင်းခံဘ...