အပိုင်း ၁၉၁မကြာလိုက်ချေ။ ဂူချန်းဂျီသည် ရင်မိန်ကို ပွေ့ချီခေါ်ကာထွက်လာခဲ့၏။လမ်းတွင် သူသည် သွေးစွန်းနေသောတိုက်ပွဲနေရာကို သတိထားမိသော အစစ်အမှန်နဂါးမျိုးနွယ်ဝင်အချို့အား သတ်ပစ်ခဲ့သည်။
အဆုံးတွင် သူနှင့်ရင်မိန်တို့နှစ်ဦး တစ်သီးတစ်ခြားဖြစ်တည်နေသော စိတ်ဝိဥာဥ်ချီစွမ်းအင်များ ကြွယ်ဝသည့် မြေအောက်ဂူတစ်လုံး၏ အဝင်ဝတွင် ရပ်လိုက်ကြ၏။
"သခင်.."
ဂူချန်းဂျီ၏မျက်နှာကိုကြည့်ရန် ရင်မိန် ရှက်နေမိ၏။အမှန်တိုင်းဆိုပါက ယနေ့ သူမ၏အပြုအမူများသည် အနည်းငယ်ပိုလွန်းနေ၏။သူမက သူ၏ခွင့်ပြုချက်ကိုပင်မတောင်းဘဲ သူ့လက်မောင်းများကြားထဲ ပစ်ဝင်ခဲ့သည်။ယခုထိ ဂူချန်းဂျီက သူမအား ထိုအတွက်အပြစ်မတင်သေးပေ။"ဒီကာလအတွင်း မင်းအများကြီး ပင်ပန်းခဲ့တယ်"
အနားယူရမည့်နေရာရှာရန် ဂူထဲသို့ ဦးဆောင်မဝင်မှီ ဂူချန်းဂျီ ညင်သာစွာပြုံး၍ ပြောလိုက်သည်။
"သခင်ပေးတဲ့တာဝန်ကို ကျေပွန်ဖို့အတွက်ဆိုရင် ဒါက အရေးမကြီးပါဘူး"
ရင်မိန် ခေါင်းကိုယမ်းကာပြောလိုက်၏။ဂူချန်းဂျီ၏ စကားတစ်ခွန်းကြောင့် ဒီအတောအတွင်း သူမခံစားခဲ့ရသည့် မကျေနပ်မှု၊နာကျင်မှုများ အရေးမပါတော့သလို ခံစားလိုက်ရသည်။
ယခင်က သူမသည် ဂူချန်းဂျီ၏လက်ခုပ်ထဲမှရေဖြစ်နေကြောင့် သူ့၏ အမိန့်ကို နာခံခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုအချိန်ကတည်းက သူမသည် သူမ၏ကံကြမ္မာကို တစ်ဖြည်းဖြည်းလက်ခံလာခဲ့ပြီး ဂူချန်းဂျီ၏ နောက်လိုက်ခြင်းက သူမအတွက် အမှားမရှိနိုင်ကြောင်း နားလည်လာ၏။ ဂူချန်းဂျီနှင့်ပတ်သတ်သော သူမ၏သဘောထားမှာလည်း တဖြည်းဖြည်း ပြောင်းလဲလာသည်။
ထိုခံစားချက်သည် စတင်ဖြစ်ပေါ်ပြီးသည့်နှင့်တစ်ပြိုင်နက် တစ်မုဟုတ်ချင်းကြီးထွားလာခဲ့ကာ နောက်ပြန်လှည့်ရန် ခက်ခဲသွားသည်။ ထိုအစား သူမသည် တစ်စထက်တစ်စနစ်သထက် နစ်မြုပ်လာခဲ့သည်။
ဂူချန်းဂျီ၏စိတ်သည် ကြောက်စရာကောင်းပြီး သူ၏နည်းလမ်းများမှာ ရက်စက်သကဲ့သို့ ခံစားချက်မဲ့သူလည်း ဖြစ်သည်။ သူ့တွင် ဗီလိန်အကြီးစားတစ်ယောက်၏ ဆိုးရွားသော လက္ခဏာရပ်များအားလုံး ပိုင်ဆိုင်ထားသည်။
သို့သော် ဂူချန်းဂျီ၏ လက်ရှိပုံစံက သူမကို ရှုပ်ထွေးစေပြီး သူ့အတွက်ဘာမဆိုလုပ်ပေးလိုသော ခံစားချက်ကို ဖြစ်ပေါ်စေသည်။
ယခုတွင်မှု ထိုဗီလိန်ဆန်လှသော ဂူချန်းဂျီက သူမ၏အခြေအနေကို စိတ်ပူပန်စွာဖြင့် မေးနေ၏။ရင်မိန်၏နှလုံးအိမ်ထဲတွင် အပျော်များဖြင့်သာ ပြည့်နက်နေလေသည်။
![](https://img.wattpad.com/cover/329914051-288-k191570.jpg)
YOU ARE READING
ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ အတွဲ ၁ (ခွင့်ပြုချက်ရပြီး)
Adventureဒီစာစဥ်မှာပါတဲ့ဇာတ်လိုက်ကျော်ကအခြားစာစဥ်တွေနဲ့မတူပဲ ဗီလိန်နေရာကိုကမ္ဘာကူးပြီးရောက်သွားခဲ့သူတစ်ဦးဖြစ်တာပါ။ အဲမှာဗီလိန်ဆိုတဲ့အတိုင်းမင်းသားတွေမင်းသမီးတွေနဲ့တွေ့ပါလေရောသူခမျာ ဗီလိန်ဆိုတော့မင်းသားတွေလို ဇာတာကမခေပဲကံကတော်တော်ဆိုးနေပါတယ်မင်းသားအထောင်းခံဘ...