ကြယ်ခူးမျှော်စင်အတွင်းရှိ ပတ်ဝန်းကျင်လေထုမှာ တင်းမာနေခဲ့ပြီး တိတ်ဆိတ်ငြိမ်သက်လို့ နေသည်။အခန်းတွင်းရှိလူများထံမှ မည်သည့်အသံမှ ထွက်မလာခဲ့တော့ပေ။
၎င်းတို့၏ ကျောပြင်၌ ချွေးစေးများပင် ကျလာခဲ့၏။
ဂူချန်းဂျီ၏အမေးစကားမှာ ချူးရွှမ်ကို ရည်ရွယ်သည်ဖြစ်သော်လည်း ၎င်းတို့တစ်တွေသည်လည်း ဖိအားနှင့် ရင်ဆိုင်နေရသည် ဖြစ်သည်။
လင်းချူဟန်လို ဂူချန်းဂျီအနီးတွင် ပျော်မွေ့နေသူပင် ထိုဖိအား၏ သက်ရောက်မှုကို ခံစားနေရသည်။
ယခင် သူမရင်းနှီးကျွမ်းဝင်သည့် ဂူချန်းဂျီ၏နူးညံ့သိမ်မွေ့မှုများမှာ နေလာနှင်းပျောက်သလို့ ပျောက်ရှသွားခဲ့သည်။
ဂူချန်းဂျီ၏သွင်ပြင်မှာ အရာအားလုံး၏ အထက်၌ တည်ရှိနေသည့် နတ်ဘုရင်တစ်ပါးနှင့်ပင် တူနေသည်။
ထိုသွင်ပြင်မှာ ဂူချန်းဂျီ၏ သရုပ်မှန်ပဲ ဖြစ်သည်။
ဆက်ပြီးတော့ ရီချန်ဆိုသူမှာ မည်သူဖြစ်ပြီး မည်ကဲ့သို့လူမျိုးဖြစ်သည်ကို လင်းချူဟန် သိလိုစိတ် ဝင်လာခဲ့သည်။
သူမအနေနဲ့ ကောလဟာလသတင်းများကို ဂရုမစိုက်လေ့ရှိသောကြောင့် အရှေ့ဘက်ကုန်းမြေ၌ ဖြစ်ပွားခဲ့သည့်အရာများကို သိရှိထားခြင်းမရှိချေ။
ထိုအချိန် ဆုချန်ကျီမှာ နှုတ်ဆိတ်မနေနိုင်တော့ပဲ တောင်းပန်သည့်လေသံဖြင့် ဝင်ပြောလိုက်သည်။
"သခင်လေး....အလယ်ပိုင်းဒေသဆိုတာ တိုင်းတာလို့မရနိုင်အောင် ကျယ်ပြောပါတယ်။"
"ဒါကြောင့် လူတစ်ယောက်ကိုရှာဖို့အတွက်ဆို ကောက်ရိုးပုံထဲ အပ်ကျတာကိုရှာတာမှ ပိုလွယ်လိမ့်မယ်...။"
သူမစကားသံကြောင့် ဂူချန်းဂျီအနီးတွင် အရှေ့ဘက်ကုန်းမြေ၏ အလှဘုရင်မတစ်ဦး ရှိနေခဲ့သည်ကို လူတွေသတိရသွားခဲ့သည်။
ယခုစကားမတိုင်မှီ၌ သူမသည် ဂူချန်းဂျီ အနောက်နားတွင် တစ်ချိန်လုံး တိတ်ဆိတ်စွာဖြင့် ပန်းအိုးများကို ကြည့်နေခဲ့တာ ဖြစ်သည်။
![](https://img.wattpad.com/cover/329914051-288-k191570.jpg)
YOU ARE READING
ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ အတွဲ ၁ (ခွင့်ပြုချက်ရပြီး)
Adventureဒီစာစဥ်မှာပါတဲ့ဇာတ်လိုက်ကျော်ကအခြားစာစဥ်တွေနဲ့မတူပဲ ဗီလိန်နေရာကိုကမ္ဘာကူးပြီးရောက်သွားခဲ့သူတစ်ဦးဖြစ်တာပါ။ အဲမှာဗီလိန်ဆိုတဲ့အတိုင်းမင်းသားတွေမင်းသမီးတွေနဲ့တွေ့ပါလေရောသူခမျာ ဗီလိန်ဆိုတော့မင်းသားတွေလို ဇာတာကမခေပဲကံကတော်တော်ဆိုးနေပါတယ်မင်းသားအထောင်းခံဘ...