လင်းမိသားစုစံအိမ်အပြင်ဘက်တွင် သုသာန်ပြင်တစ်စပြင်ပမာပဲ တိတ်ဆိတ်နေသည်။
လင်းမိသားစုဝင်များပင် မှင်သက်နေကြကာ မည်သည့်စကားကို ဆိုရမည်ကိုပင်
မသိကြတော့ချေ။ဖြစ်စဥ်က လူများသတိဝင်ဖို့ပင် နောက်ကျသွားစေခဲ့၏။
အတောင်ပံပါလူရွယ်၏ကံကြမ္မာဆိုးက ရှေးဟောင်းနတ်ဘုရားတောင်တန်းဒေသလူများတင်မကပဲ အနီးပတ်ဝန်းကျင်ရှိကျင့်ကြံသူများကိုပါ တုန်လှုပ်ခြောက်ခြားသွားစေခဲ့သည်။
ထိုလူရွယ်၏ကျေးကျွန်အိုကြီးမှာတော့ တုန်လှုပ်ခြောက်ခြားနေသူထဲတွင် အဆိုးဆုံးဟုပဲ ဆိုနိုင်သည်။
အစောပိုင်းကထွက်ပေါ်လာသည့်လက်ဝါးကြီးမှာ သူလှုပ်ရှားဖို့ပင် မမှီနိုင်လောက်အောင်ပဲ မြန်ဆန်နေခဲ့လို့ ဖြစ်သည်။
အကယ်၍ သူလှုပ်ရှားဖို့အချိန်မီခဲ့ရင်ပင် ထိုလက်ဝါးကို သူတားဆီးနိုင်မည်ကိုတော့ တပ်အပ်မပြောနိုင်ချေ။
အင်ပါယာအဆင့်ကျင့်ကြံမှု၏ စွမ်းအားကို ထိုလက်ဝါးထံမှ သူခံစားလိုက်ပေသည်။
သူ့လို အုပ်ချုပ်သူအဆင့်ကိုခြေတစ်လှမ်းဝင်ရုံသာရှိသေးသည့် ကျင့်ကြံမှုအဆင့်နှင့် ထိုလက်ဝါးကြီးတာဆီးဖို့ကြံသည်က ကျောက်တောင်ကိုခေါင်းနှင့်တိုက်သည်နှင့်သာ တူနေမည်ဖြစ်သည်။
"သခင်လေး......။"
မြေကြီးပေါ်သို့ ဒူးထောက်ကျသွားခဲ့ကာ အစေအိုကြီးက ထိတ်လန့်တကြားအော်ဟစ်လိုက်တော့သည်။
သို့သော်လည်း သူထံ၌ လက်တုန့်ပြန်နိုင်ဖို့ အစွမ်းအစတော့ ရှိနေသည် မဟုတ်ချေ။
ထို့ကြောင့် ရီလျူလွီကို အကူအညီတောင်းခံသည့်အနေနဲ့ ကြည့်လိုက်သည်။
ဖြစ်ပျက်ခဲ့သည်များက ရီလျူလွ်ီ၏ မျက်နှာကို သွေးမရှိသလိုပင် ဖြူရော်သွားစေသည်။
စက္ကန့်ပိုင်းအတွင်းမှာပင် မောက်မာစွာဖြင့်ပြုနေသည့် အတောင်ပံပါလူရွယ်မှာ သွေးမြူများအဖြစ်သို့ ဘဝပြောင်းသွားခဲ့သည်။
![](https://img.wattpad.com/cover/329914051-288-k191570.jpg)
YOU ARE READING
ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ အတွဲ ၁ (ခွင့်ပြုချက်ရပြီး)
Adventureဒီစာစဥ်မှာပါတဲ့ဇာတ်လိုက်ကျော်ကအခြားစာစဥ်တွေနဲ့မတူပဲ ဗီလိန်နေရာကိုကမ္ဘာကူးပြီးရောက်သွားခဲ့သူတစ်ဦးဖြစ်တာပါ။ အဲမှာဗီလိန်ဆိုတဲ့အတိုင်းမင်းသားတွေမင်းသမီးတွေနဲ့တွေ့ပါလေရောသူခမျာ ဗီလိန်ဆိုတော့မင်းသားတွေလို ဇာတာကမခေပဲကံကတော်တော်ဆိုးနေပါတယ်မင်းသားအထောင်းခံဘ...