အပြင်ဘက်မှ ခြေသံများက တစ်ဖြည်းဖြည်း နီးကပ်လာသည်။
လင်းချူဟန်တစ်ယောက်ထဲ လာခြင်း ဟုတ်ပုံမရပေ။
လင်းတန်အမှုအယာမှာ ပိုပြီးဆိုးရွားလာခဲ့သည်။ သူ့နှလုံးမှာ ပြင်းထန်စွာခုန်နေခဲ့ပြီး တစ်ကိုယ်လုံးလည်း တုန်ရီလာခဲ့သည်။
"အခု ငါဘာလုပ်သင့်လဲ....?"
"ပြေးရမှာလား....?"
"ဒီအကြံ မကောင်းဘူး..ငါ့ကိုချက်ခြင်း မိသွားနိုင်တယ်....။"
လင်းတန်၏ အခြေအနေမှာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည်ဟု ဆိုနိုင်သည်။ သူ့၏ မှုလစွမ်းအားမှာ အကြီးအကျယ် ထိခိုက်နေဆဲဖြစ်ပြီး ထပ်ပြီးတော့ မှော်ကျိန်စာ၏ တန်ပြန်သက်ရောက်မှုကိုလည်း ခံလိုက်ရသည်။
ထို့ကြောင့် သူ့အနေနဲ့ ပြေးဖို့ရာမဆိုထားနှင့် လမ်းပင် ကောင်းကောင်းလျှောက်နိုင်သည် မဟုတ်ပေ။
လင်းတန် မျှော်လင့်ချက်တွေ ပျက်သုန်းသွားသလို ခံစားနေရသည်။ ယခင် အထက်ဘုံသို့ တက်လှမ်းချိန်၌ ကြုံတွေ့ခဲ့သည့် ခံစားချက်ကိုပင် အမှတ်ရလာစေ၏။
စိတ်ပျက်အားငယ်မှု၊မျှော်လင့်ချက်အလင်းရောင် ပျောက်ဆုံးသွားမှုက သူ့ထံတစ်ဖန် ပြန်လည်မွေးဖွားလာခဲ့သည်။
"ဒါ ငါ့အတွက် အဆုံးသတ်ပဲလား...?"
လင်းတန် ထိုအရာကို လက်ခံနိုင်ခြင်းမရှိချေ။
ကံတရားက သူ့ကိုအထွပ်အထိပ်သို့ရောက်ရှိရန် အခွင့်အရေးပေးခဲ့သည်။
သို့သော်လည်း သူသည် ထိုအခွင့်အရေးကို လမ်းခုလတ်တင်မှာပဲ လွတ်ကျစေခဲ့တာပဲ ဖြစ်သည်။လင်းတန်၏ နှလုံးအိမ်ထဲ၌ မလိုလားမှုဖြင့် ဟစ်ကြွေးနေခဲ့သည်။
ထိုအချိန် သူ့ခေါင်းထဲသို့ လျပ်စီးလက်သလိုပဲ အကြံတစ်ခု ဝင်လာခဲ့၏။
နက်မှောင်ပိတ်ပိန်းလှသည့် အမှောင်ထုထဲ၌ ကျလုဆဲဆဲချိန်တွင် မျှော်လင့်ချက် အလင်းရောင်ကို မြင်လိုက်ရသလိုပဲ ဖြစ်သည်။
"ဟုတ်ပြီ....။"
"သေချင်ယောင်ဆောင်ရမယ်...။"
သူအနေနဲ့ ယခုလို ကံကြမ္မာဆိုးမှ ရှောင်လွဲဖို့အတွက် အတုအယောင်သေဆုံးခြင်းကို ဖန်တီးဖို့လိုသည်။
YOU ARE READING
ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ အတွဲ ၁ (ခွင့်ပြုချက်ရပြီး)
Adventureဒီစာစဥ်မှာပါတဲ့ဇာတ်လိုက်ကျော်ကအခြားစာစဥ်တွေနဲ့မတူပဲ ဗီလိန်နေရာကိုကမ္ဘာကူးပြီးရောက်သွားခဲ့သူတစ်ဦးဖြစ်တာပါ။ အဲမှာဗီလိန်ဆိုတဲ့အတိုင်းမင်းသားတွေမင်းသမီးတွေနဲ့တွေ့ပါလေရောသူခမျာ ဗီလိန်ဆိုတော့မင်းသားတွေလို ဇာတာကမခေပဲကံကတော်တော်ဆိုးနေပါတယ်မင်းသားအထောင်းခံဘ...