"တာအိုနတ်ဘုရားကျင့်စဥ်"
ထိုကျင့်စဥ်မှာ လက်ရှိဂူချန်းဂျီ၏ ချီစွမ်းအားကျင့်ကြံသည့် ကျင့်စဥ်အမည်ဖြစ်သည်။
တစ်ချိန်ထဲမှာပင် တာအိုနတ်ဘုရားနန်းတော်ဂိုဏ်းတပည့်များ၏ လက်စွဲတော် ကျင့်ကြံမှုနည်းလမ်းလည်း ဖြစ်၏။၎င်းတွင် အင်မော်တယ်အဆင့်နယ်ပယ်သို့ ရောက်ရှိစေရန် ကျင့်ကြံမှုလမ်းညွန်ချက်များ ပါဝင်ပြီး တာအိုနတ်ဘုရားနန်းတော်ဂိုဏ်းဝင်များသာ ထိုကျင့်စဥ်နှင့် ထိတွေ့ဖို့ အခွင့်အရေးရှိသည်။
ထို့ကြောင့် ၎င်းက အင်မော်တယ်ဆရာသခင်တစ်ပါးဖြစ်ရန် အခြေခံအုပ်မြစ်ကောင်းတစ်ခု ဆိုလည်း မမှားပေ။
အထက်ဘုံအတွင်း၌ပင် ထိုကျင့်စဥ်ကိုလိုချင်မက်မောနေသော
အင်မော်တယ်အဖွဲ့အစည်းများနှင့် ဂိုဏ်းများမှာ မရေတွက်နိုင်ပေ။လက်ရှိဂူချန်းဂျီက ထိုကျင့်စဥ်ကို
အဆင့်ခြောက်ထိရောက်အောင် ကျင့်ကြံထားနိုင်သည်ဖြစ်၏။အထက်ဘုံ၌ပင် သူနှင့်တန်းတူမျိုးဆက်တပည့်များထဲ၌ ထိပ်တန်းအဆင့်ကို ရောက်ရှိနေခဲ့သည်။
သို့ပေမယ့်လည်း ယခင်ခန္ဓာကိုယ်ပိုင်ရှင်မှာ အဆင့်ခြောက်မှ နောက်တစ်ဆင့်ကို မတက်နိုင်သည်မှာ နှစ်ဝက်ခန့်ရှိပြီဖြစ်၏။"ကံကြမ္မာတန်ဖိုးအမှတ်တွေနဲ့ ကျင့်ကြံမှုတွေကို မြင့်လို့ရနေတယ်ဆိုမှတော့ နောက်တစ်ဆင့်ကိုတက်ဖို့လုပ်ရမယ်။"
ဂူချန်းဂျီ၏ စိတ်ကူးက ရိုးရှင်း၏။
လက်ရှိ သူ့မှာ ကံကြမ္မာအမှတ် ငါးရာ့ငါးဆယ် ရှိနေသည်။"စနစ်..."
"ကျင့်စဥ်အဆင့်ကိုမြင့်တင်ပါ။"ထိုသို့ စိတ်ထဲမှစနစ်ကို အမိန့်ပေးလိုက်သည်နှင့် အေးမြသောလေများ ဖြတ်သန်းစီးဆင်းသွားသလို ခံစားမှုကို သူ၏ခြေတွေလက်တွေထံမှ ဂူချန်းဂျီခံစားမိလိုက်၏။
တစ်ချိန်ထဲမှာပင် သူစိတ်အတွင်း၌ ဆန်းကြယ်သောခံစားမှုကို ခံစားရပြီး တာအိုနတ်ဘုရားအင်မော်တယ်ကျင့်စဥ်၏ အဓိပ္ပာယ်ကို ထိုးထွင်းသိမြင်လာစေသည်။
YOU ARE READING
ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ အတွဲ ၁ (ခွင့်ပြုချက်ရပြီး)
Adventureဒီစာစဥ်မှာပါတဲ့ဇာတ်လိုက်ကျော်ကအခြားစာစဥ်တွေနဲ့မတူပဲ ဗီလိန်နေရာကိုကမ္ဘာကူးပြီးရောက်သွားခဲ့သူတစ်ဦးဖြစ်တာပါ။ အဲမှာဗီလိန်ဆိုတဲ့အတိုင်းမင်းသားတွေမင်းသမီးတွေနဲ့တွေ့ပါလေရောသူခမျာ ဗီလိန်ဆိုတော့မင်းသားတွေလို ဇာတာကမခေပဲကံကတော်တော်ဆိုးနေပါတယ်မင်းသားအထောင်းခံဘ...