အပိုင်း (56)

1.7K 284 3
                                    

(56) အနည်းငယ်မပျော်ရွှင်မှု (1)

ခဏကြာတော့ နျင်းချု က အဖွဲ့ထဲကို ပြန်သွားခဲ့ကာ အနောက်နေ ဝူးယူး က နဂါးပုနဲ့ အတူ လိုက်သွားခဲ့တယ်။ အဖွဲ့က နားနေရာ ကနေ အထုတ်အပိုးတွေ ပြန်လည် သိမ်းဆည်းပြီးတဲ့နောက် ခရီးဆက်ကြလေတယ်။

ဝူးယူး က သူ့ရဲ့ ပုံစံ အမှန်ကို သိကြောင်း အတည်ပြုပြီး တဲ့နောက်မှာတော့ နျင်းချု က သူဘယ်အချိန်တုံး ကများ ဖော်ထုတ်မိသလဲ ဆိုတာ စဥ်းစား နေခဲ့လေတယ်။

သူက ပြိုင်ကွင်းမှာ ဆိုလည်း အရမ်းပဲ သတိထားပြီးတော့ ဘယ်သူမှ ဘေးနားမှာ မရှိတာ သေချာတော့မှသာ စင်အနောက်ထဲကို ဝင်ကာ အဝတ်အစားလဲ ပြီးတော့ မျက်နှာ ဖုံး ချွတ်ကာ ပြန်ထွက်လာခဲ့တာ ပဲ ဖြစ်လေတယ်။

ပြီးတော့ စာချုပ်ဝန်ဆောင်မှု ထဲက ခံစားသိလွယ်မှုကို တိုးမြင့်ထားတာက အတော်လေးကို မြင့်လေတယ်။ ဒါကြောင့် တစ်စုံတစ်ယောက် သာ သူ့နားကို ကပ်လာမယ်ဆိုရင် သူက ပထမဆုံး သတိပြုမိမှာ ပဲ ဖြစ်လေတယ်။

ဝူးယူးရဲ့ ခွန်အားနဲ့ စွမ်းရည် က သူ့ထက် သာပေမယ့် သူ့ရဲ့ ခံစားလွယ်တဲ့ စွမ်းရည် ကိုတောင် ကျော်လွှားနိုင်မယ် လို့တော့ သူမတွေးမိခဲ့ပေ။

ဝူးယူး က ပထမနှစ် ကျောင်းသား တစ်ယောက် ဖြစ်ပြီးတော့ သူက ကျောင်းကို ဝင်တဲ့ အချိန်မှာ အတန်းဖော်တွေ ထက် အနည်းငယ် အသက်ကြီးပေမယ့် သူ့ရဲ့ စွမ်းရည် က အရမ်းကို ကြောက်စရာ ကောင်းလေတယ်။ ပြီးတော့ သူ့ရဲ့ အကန့်အသတ်ကို ဘယ်သူမှ မသိပါပေ။ ဒါ့အပြင် သူက နဂါးတစ်ကောင်နဲ့လည်း စာချုပ် ချုပ်ထားသေးတယ်။

နျင်းချု က စာချုပ် စွမ်းရည် တန်ဖိုးနဲ့ နဂါးအစစ်တစ်ကောင် ရဲ့ စွမ်းရည် တန်ဖိုး က ဘယ်လိုမျိုး အချိုးကျသလဲ ဆိုတာ ကို မသိတဲ့ အတွက်ကြောင့် သူက စွမ်းရည်တန်ဖိုးကို ၁၀၀ အထိ တိုးခဲ့ပေမယ့် တစ်ကယ့်ရှားပါးနဂါး ရဲ့ စွမ်းအားထက် တစ်ဝက်လောက်သာ ရှိတယ် ဆိုပြီးတော့သာ ထင်နေမိလေတယ်။

ဝူးယူး က ဆန်းကြယ်ကာ ပြိုင်ဘက် ကင်းပြီးတော့ အမှတ်ပေးဇယားရဲ့ ထိပ်မှာ ရှိနေခဲ့တယ်လေ........ ။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now