အပိုင်း (115)

694 125 4
                                    

(115) ဘာကြောင့် ငါ့စကားကို နားမထောင် ရတာလဲ?

နျင်းချု က လည်ဆံမွှေး အဖြူကြီး ထဲကနေ ထွက်ပေါ် လာတဲ့ အောင်းဝ်စစ် နဲ့ အောင်းဝ်ဝူ တို့ ဖြစ်တဲ့  နဂါးဘေဘီလေး နှစ်ကောင် ကို တွေ့လိုက် ရတော့ မှသာ သူ့ရဲ့ စိတ် က အတော်လေး ကို တည်ငြိမ် သွားတော့ လေတယ်။

ကံကောင်းစွာနဲ့ပဲ အောင်းဝ်အာ့ က သူတို့ကို ထားခဲ့ ပြီးတော့ တစ်ယောက် ထဲ ပြေးလာ ခဲ့တာ မဟုတ်လို့ပေါ့။ အောင်းဝ်ဝူ နဲ့ အောင်းဝ်စစ် တို့က သူတို့ကို နျင်းချု မြင်တာ သေချာအောင် လုပ်ပြီး တဲ့နောက် အမွှေးဖြူ အထူ ကြီး ကြားထဲကို ပြန်ဝင် သွားကြ တော့လေတယ်။

ဟာရီကိန်း အသေးစား လေးရဲ့ စွမ်းအား က တကယ်ပဲ မသေးငယ် ပါပေ။ ချက်ကျောင်း ရဲ့ နောက်လိုက် အဖွဲ့ဝင် တွေ ခမျာ မြေပေါ်ကို ပြင်းပြင်းထန် ထန် ပြုတ် ကျ သွားပြီးတော့ မေ့လဲ နေ ကြသလို အစောက တည်းက ထွက်ပြေး နေကြ တဲ့ သူတွေလည်း အောက်ထပ်ကို တောင် ရောက်သွား ပြီပဲ ဖြစ်လေတယ်။

ထိုနေရာမှာ ချက်ကျောင်းရဲ့ အဆင့်နိမ့် အဖွဲ့ဝင် တွေ ခမျာ တစ်ခါ မှ ဒီလောက် ကြီးတဲ့ နဂါးကြီး တစ်ကောင် ကို အနီးကပ် မမြင်ဘူး ကြတဲ့ အပြင် အပေါ်ထပ်က အစည်းအဝေး ခန်းမ ဆီကိုတောင် သွားခွင့် မရ ကြတဲ့ သူတွေ ပဲ  ဖြစ်လေတယ်။

ဒါပေမယ့် သူတို့က နျင်းချုရဲ့ မျက်နှာကို မြင်သွား ပြီး ဖြစ်တဲ့ အတွက် အသက် ဆက်ရှင်ခွင့် ပေးလို့ မရတော့ ပါပေ။

ဝူးယူး ရဲ့ လက်ဖဝါး ထဲကနေ အမဲရောင် မြူခိုး တစ်လွှာ က ပြန့်သွားကာ မြေပြင်ပေါ် လဲကျ နေတဲ့ သူတွေ အပြင် ထွက်ပြေး သွားကြ သူတွေ ဆီကိုပါ ရောက်ရှိ သွားပြီးတော့ အော်သံတွေ ဆူညံစွာ ထွက်လာပြီး သေဆုံး သွားကြ တော့လေတယ်။

ထိုအဆောက်အဦး ရဲ့ အပြင်ဘက်မှာ လည်း လုံးဝ ကို ဖရိုဖရဲ ဖြစ်လို့ နေခဲ့ ပါပြီ။ ဘာလို့လဲ ဆိုတော့ နဂါးတစ်ကောင် က အကယ်ဒမီ ထဲမှာ ပဲ ပေါ်လာ ခဲ့လို့ ပဲ ဖြစ်လေတယ်။

ကျောင်းသား တွေက အရမ်းကို ကြောက်လန့် တုန်လှုပ် နေကြ ပြီးတော့ သူတို့ရဲ့ ဆရာ အများစု ကလည်း အစည်းအဝေး ခန်းမ ထဲမှာ ပဲ ရှိနေ ကြ သေးတယ်လေ။ ကျန်တဲ့ ဆရာတွေ ကလည်း အဲ့နေရာ ကို အပြေးအလွှား လာခဲ့ ကြလေတယ်။ ဒါပေမယ့် သူတို့က နဂါးကြီး နားကို တစ်ခါလောက် ကပ်မိတာ နဲ့ ချက်ချင်းပဲ လေတွေ နဲ့ အဝေးကို တွန်းခြင်း ခံရ လေတယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now