အပိုင်း (10)

2.4K 387 4
                                    

(10) ငွေဖြည့်သွင်းခြင်း ( ၅ )

အစောက ဖြစ်ပျက် သွားတာ တွေ အကုန်လုံးက တစ်ခဏ လေး လိုပဲ။ ဒါပေမယ့်  ဒဏ်ရာ ရနေတဲ့ သူတွေရဲ့ ကြားမှာ နျင်းချူက ပဲ တောက်ပ နေခဲ့တယ်။

ဒါပေမယ့် ဘေးပတ်ပတ်လည် က အပျက်အစီးတွေကြောင့် ထိုနဂါးကြီးက ဒီနေရာမှာ အမှန်တကယ် ရှိနေခဲ့တယ် ဆိုတာ ကို သက်သေ ပြပြီးသား ပဲ ဖြစ်လေတယ်။

နောက်ဆုံးမှာတော့ ဘယ်လေ အသက်ရှု ထုတ်လိုက်နိုင်ပြီ ပဲ ဖြစ်လေတယ်။ နျင်းချု က ဘယ်လေ ရဲ့ ကိုယ်ကို မြေပြင်ပေါ် ကနေ ရွေ့နိုင်အောင် ရုန်းကန်  ပြီးတဲ့နောက် တစ်ခြားသူတွေရဲ့ အခြေအနေ တွေကိုလည်း စစ်ဆေး ကြည့်ဖို့ သွားခဲ့လေတယ်။ ကံမကောင်း စွာနဲ့ပဲ ဘယ်လေ နဲ့ တစ်ခြား သူတွေ က သေဆုံး သွားခဲ့ ပြီပဲ ဖြစ်လေတယ်။

နျင်းချူ က အဖွဲ့ ထဲက လူတွေ ရေတွက် ကြည့်ပြီး တဲ့နောက်မှာတော့ ဒီအရှုပ်အထွေးကို အခွင့်ကောင်း ယူပြီး ထွက်ပြေး လွတ်မြောက် သွားတဲ့လူ ၈ ယောက်ဒါမှ မဟုတ် ၉ ယောက် ရှိလေတယ်။

ဘယ်လေ ကို ကြည့်ရတာ အရမ်း မကောင်း နေပေ။ ဘယ်လေရဲ့ တစ်ကိုယ်လုံး ကို သေချာ ရှာကြည့်ပြီးတဲ့ နောက်မှာ သူ့ကိုယ်ပေါ် ကနေ မှော်ဆေး ပုလင်း အသေးလေး တစ်ခု ကို ရှာတွေ့ခဲ့လေတယ်။

နျင်းချု သေချာလေး ဂရုတစိုက် ဖက်ကြည့်ပြီး အမျိုးအစား ခွဲခြားပြီးတဲ့နောက်မှာ အဲ့ပုလင်းပေါ်က ' အရေးပေါ် အသက်ကယ်ဆေး ' ဆိုတာ ကို တွေ့လိုက်ရတယ်။

နျင်းချုက တစ်ပုလင်းလုံးကို ဘယ်လေ ရဲ့ ပါးစပ်ကို ဖွင့်ကာ လောင်းထည့်လိုက် ပြီးတော့ တိုက်လိုက်တယ်။ အဲ့နောက်မှာတော့ သူ့ကို စမ်းချောင်း က ရေနည်းနည်း ကိုလည်း ယူပြီးတော့ တိုက်လိုက်တယ်။

နာရီဝက်လောက် စောင့်ဆိုင်းပြီးတဲ့ နောက်မှာတော့ ဘယ်လေရဲ့ အသက်ရှုသံတွေက ပြန်ပြီးတော့ တည်ငြိမ်လာကာ မျက်လုံးကို အမြန် ဖွင့်လိုက်လေတယ်။ သူက ဒဏ်ရာ ရနေပေမယ့်လည်း အမြန်ထ ပြီးတော့ ထိုင်ဖို့ လုပ်လိုက်တဲ့ အတွက်ကြောင့် နျင်းချုက ကူပေးလိုက်ရတယ်။

'' ဘယ်လို နေသေးလဲ? ''

ဘယ်လေ က သူ့ပါးစပ်ကို အုပ်ကာ ချောင်းဆိုးလိုက်ပြီးတော့ အသံအက်အက်နဲ့ ပြောလာလေတယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now