(124) လုယက်မှု ၁
နဂါးနက် လေး က နျင်းချု ရဲ့ လက်ထဲကို ပျံသန်း သွားပြီးတဲ့နောက် ချက်ချင်းပဲ သူ့ရဲ့ မျက်လုံး လေးတွေကို မှိတ်ကာ အိပ်လိုက် တော့လေတယ်။ သူ့ကို ကြည့်ရတာ အရမ်းကို ပင်ပန်း နေဟန် ပေါ်လေတယ်။ နျင်းချု တစ်ယောက် အားလူးပူပူ ကြီးကို သူကိုင်ထား နေရတယ် လို့ ခံစား နေရ လေတယ်။ ဒါပေမယ့်လည်း တုံ့ဆိုင်း စွာဖြင့်ပဲ ဝူးယူး ပိစိလေး ကို ပွေ့ဖက် ထားလိုက်တော့ လေတယ်။
သူက ဝူးယူးကို ကူရှင်ထဲကို ထည့်ဖို့ အတွက် စိတ်ကူးခဲ့ ပေမယ့်လည်း ဝူးယူး က လူသား ပုံစံနဲ့ ဆိုရင် အရွယ်ရောက် နေတဲ့ လူသား တစ်ယောက် ဖြစ်နေပြီလေ။ အဲ့တာ က တစ်ခြား နဂါးလေး တွေနဲ့ လုံးဝ ကို ကွဲပြား ခြားနား နေ လေတယ်။
နျင်းချု က အရင်က လိုမျိုး အောင်းဝ်ပေါင်ပေါင်း အပေါ် ချစ်ခင် နှစ်လိုမှု ပြသ တာမျိုးတွေ သိပ်မလုပ် တော့ပါပေ။ ဥပမာအား ဖြင့် လက်မောင်း ထဲမှာ ပွေ့ဖက် တာမျိုးတွေ ၊ နဖူးလေယ ကို ပွတ်သပ်ပြီး တော့ အနမ်းပေးတာ မျိုးတွေ နဲ့ နဂါးဂျိုလေး တွေကို ကိုင်ကာ ပွတ်ပေး တာ မျိုးတွေကို ပေါ့။ အဲ့လို မျိုးတွေကို ဝူးယူး အပေါ် ဆက်ပြီးတော့ လုပ်ရမှာ က သေချာပေါက်ကို မသင့်လျော် ပါတော့ချေ။
ဒါပေမယ့် အခု တစ်ခါက ရှင်းရှင်း လင်းလင်း ကြီးကို မမျှော်လင့်ထား တဲ့ သူ့ရဲ့ အမှားပဲလေ။ သူကိုယ်တိုင် အရမ်းကို နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော် နေခဲ့ ပြီးတော့ လုံးဝ ကို မနိုးလာ ခဲ့တာလေ။ သူ့ကို ဝူးယူး က ပွေ့ချီတာ တောင်မှ နိုးမလာ ခဲ့ဘူး။ အဲ့အတွက်ကြောင့် သူက ဝူးယူး ကို တစ်ည လုံး မအိပ် ရအောင် လုပ်မိ ခဲ့တယ်လေ။
အဲ့တာ ကို မေ့လိုက် ပါတော့ သူက ဝူးယူး ပိစိလေး ကို ကိုင်ထား ပေးရုံတင် ပဲ မဟုတ်လား။ အခုချိန်မှာ သူက လူပုံစံ နဂါး အသိုက် ပဲလို့ မှတ်ယူ ထားလိုက် တော့မယ်။
သူ အခုလေးတင် နိုးလာတုံးက အရမ်းကို လွန်ကဲတဲ့ ချစ်ကျွမ်းဝင် မှု လုပ်မိတဲ့ အပြုအမူ အတွက်ကတော့........... နျင်းချု က ဝူးယူး နိုးလာတဲ့ အထိ စောင့်ဖို့ရာ ဆုံးဖြတ် လိုက်တော့ လေတယ်။ ပြီးတော့ နိုးလာပြီး နောက်ပိုင်းမှာ အဲ့အကြောင်း ကို ဝူးယူး ဆီ ပြောပြ သတိပေးဖို့ သူအခွင့်အရေး ရှာရ မယ်လေ။
ВЫ ЧИТАЕТЕ
နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]
Разноеနဂါးကျွန်း ဆိုတဲ့ app ကို ဒေါင်းလုခ် လုပ်ပြီး သားပေါက်လေးတွေကို အရူးအမူး ပျိုးထောင် ပေးပြီးတဲ့နောက် ထိုဂိမ်းထဲက သားပေါက်လေးတွေ ဆီ ကူးပြောင်းရောက်ရှိသွားတဲ့ သားပေါက်လေးများရဲ့ ဖေဖေကြီး နျင်းချူ အကြောင်းပါ။ [ တစ်ပိုင်းက ပုံမှန်ထက် ၄ဆ ရှည်ပါတယ်။ မုဆိုး...