အပိုင်း (114)

565 112 0
                                    

(114) အဝေးကို ထွက်ပြေးခြင်း 3

ဝူးယူး က သူ့ရဲ့ လက်တွေကို ဖယ်လိုက် ပြီးတော့ နျင်းချု ကို လုံးဝ အကြည့်သစ် တွေနဲ့ ကြည့်လိုက် ပြီးတော့ သူ့ရဲ့ မျက်လုံးတွေက တုန်ရီ သွားကာ မေးလာ ခဲ့တယ်။

'' မင်း ဒီကို ဘာကြောင့် ရောက်လာ ရတာ လဲ? ''

သူက တကယ်ကြီး ဆက်မထိန်းထား နိုင်တော့ ပါပေ။ နျင်းချု က အစည်းအဝေး ခန်းမ ထဲ က မြင်ကွင်း တွေကို တွေ့ပြီးတော့ ပြောစရာ စကား မဲ့သွား တော့လေတယ်။

'' မင်း..... ''

ဝူးယူး ရဲ့ ငေးမောတဲ့ အကြည့်တွေက စားပွဲပေါ် တင်ထားတဲ့ ဆရာတွေ ဆီကို ရောက်သွား ပြီးတော့ ပြောလိုက်တယ်။

'' ငါ သူတို့ကို မသတ်ခဲ့ပါဘူး ''

သူက နဂါးအသက်ရှုသံ ကို သုံးပြီးတော့ သူတို့ကို တစ်ခဏသာ သတိလစ် မေ့မျောအောင် လုပ်ခဲ့တာပါ။ ဒါမှသာ သူရှင်းလင်းရေး လုပ်နေ တုံး မထိခိုက်မှာ ပဲ ဖြစ်လေတယ်။

အခုလေးတင် မြေပြင်ပေါ် ကို ပြုတ်ကျ သွားတဲ့ ချက်ကျောင်း အကြီးအကဲက အသက်ရှု နေဆဲ ဖြစ်ပြီးတော့ သူ့ရဲ့ လက်မောင်း ကို ဆန့်ထုတ် ဖို့ ကြိုးစား လိုက် လေတယ်။

ဒါပေမယ့် အဲ့တာ ကို ဝူးယူး က သတိ ပြုမိပြီး တော့ နောက်ထပ် စွမ်းအင် ဘောလုံး နဲ့ ပစ်ကာ အသေ ရိုက်သတ် လိုက်တော့တယ်။

ဒါပေမယ့် သူတို့နှစ်ယောက် စလုံးဟာ ချက်ကျောင်း အကြီးအကဲ လက်ထဲ က သတင်းအချက် အလတ် ကူးပြောင်း ပေးမှု အချပ်ပြားရဲ့ အပေါ် က ခလုတ် ကို နှိပ်လိုက် ပြီးသား ဆိုတာ ကို တွေ့လိုက် ရလေတယ်။

နျင်းချု က ဝူးယူး ကို အဝေးဆီ ဆွဲခေါ် သွား ပြီးတော့ ထိုနေရာ ကနေ ထွက်ဖို့ ကြိုးစား နေခဲ့ လေတယ်။

'' မင်း က ဒီနေရာမှာ ဘာတွေများ ရပ်ပြီး လုပ်နေ ရသေး တာလဲ? ''

တကယ်လို့ သူသာ ဒီလူ တွေကို ကိုင်တွယ် ချင်တယ် ဆိုရင် သူတို့ ကျောင်းကနေ ထွက်ပြီး သွားတဲ့ အချိန်ထိ ကို မစောင့် နိုင်တော့ ဘူးလား?

တကယ်လို့ သူတို့ကို ဒီနေရာ မှာ ရှာတွေ့ သွားကြ ရင် ဘယ်လို လုပ်ကြ မတဲ့ လဲ?

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Donde viven las historias. Descúbrelo ahora