အပိုင်း (111)

633 112 0
                                    

(111) နေရာမှ ထွက်ခွာ ခြင်း ၃

ချက်ကျောင်း ခွဲ ကိုလည်း တိုက်ခိုက် ခံ ရ ပြီးတဲ့ နောက် အမှောင်မှော် စွမ်းအင် အကြွင်းအကျန် တွေက အများကြီး ရှိ နေခဲ့ လေတယ်။ ပြီးတော့ ချက်ကျောင်း ခွဲကို ဖြတ်သွားတဲ့ အနီးနား က သာမန် လူတွေ တောင်မှ ထို အမဲမှော် စွမ်းအင် တွေကို မြင်နိုင် ရတဲ့ အထိ ကို များ တယ်လေ။

ဒါပေမယ့် ချက်ကျောင်းခွဲ နဲ့ အဝေး တစ်နေရာမှာ ရှိခဲ့တဲ့ ဝှစ်တုံ နဲ့ သူ့လက်အောက် ငယ်သား တွေ ကလည်း ထို နည်းတူစွာ သတ်ဖြတ်ခြင်း ကို ခံခဲ့ ရတယ်လေ။

ဘာလို့ ဝူးယူး ကိုမှ သံသယ လာဝင် လာရ သလဲ ဆိုတာ ကတော့ ဝှစ်တုံ ပြန်ဖို့ ခဲ့တဲ့ စာတွေ ထဲမှာ ဝူးယူး အကြောင်းကို အထူးပြု အလေးပေး ဖော်ပြ နေခဲ့တာ ကြောင့် ဖြစ်လေတယ်။

ဝူးယူးလို့ ခေါ်တဲ့ လန့်စ် အကယ်ဒမီက ကျောင်သား တစ်ယောက် ဟာ ဘုရားသခင်ရဲ့ ကောင်းချီး တစ်ခု ဖြစ်တဲ့ အနက်ရောင် မှော်စွမ်းအင် ဆိုတဲ ရှားပါး ပါရမီ ပါတဲ့ လူ ဖြစ်ပြီးတော့ အရမ်းကို ထူးခြား တဲ့ သူ ဖြစ်ကာ ချက်ကျောင်း အဖွဲ့ဝင် အဖြစ် ခေါ်ဖို့က အရမ်းကို သင့်တော် ပါ သတဲ့လေ။ ဒါပေမယ့် အဲ့ကောင် လေးသာ ချက် ကျောင်း ထဲကို မဝင်ချင် ဘူး ဆိုရင်တော့.................. ။

အကယ်ဒမီ က ချက်ကျောင်း နဲ့ ထိပ်တိုက် ရင်ဆိုင်လို မှု မရှိတဲ့ အပြင် ကလော့ခ် ရဲ့ ညှိိနှိုင်း ပေးမှု အောက်မှာပဲ ဂျော့ရှ် က ဝူးယူး ကို သွားခေါ် ပေးဖို့ သဘောတူ ခဲ့ လေတယ်။ ဒါကြောင့် သာ ဂျော့ရှ် က ဝူးယူးရဲ့ အိပ်ဆောင် ဆီကို သွားပြီးတော့ ဝူးယူး ရှိနေ သေးလား ဆိုတာ ကို လာစမ်း ကြည့် ခဲ့တာ ပဲ ဖြစ်လေတယ်။

'' တစ်ခဏ လေး သွားပြီးတော့ ပြန်လာ ရုံပါပဲ။ အဲ့ဒါက သိပ်ပြီး ကြာမှာ မဟုတ်ပါဘူး ကွာ...... ''

ဂျော့ရှ်က သံသယတွေ ပြေပျောက် စေဖို့ရာ အတွက် ပြောလိုက် လေတယ်။

'' သေချာပေါက်၊ ငါက မင်းကို သံသယ ဝင်တာ မျိုးတော့ မဟုတ် ဘူးပေါ့။ အဲ့ ချက်ကျောင်း အကြီးအကဲ က ပထမနှစ် ကျောင်းသား လေးရဲ့ လက်အောက်မှာ သေ သွားတယ် ဆိုတာ ကို ဘယ်သူ က ယုံမှာ တဲ့လဲ? ''

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Tempat cerita menjadi hidup. Temukan sekarang