အပိုင်း (117)

550 101 1
                                    

(117) ဘာလို့ ငါ့ရဲ့ စကားကို နားမထောင် ရတာလဲ?  ၃

အောင်းဝ်အာ့ က သူ့ရဲ့ ခေါင်းကို အောက် ငိုက်စိုက် ချထားတာ ကိုတွေ့တော့ နျင်းချု ရဲ့ သဘောထား က အတော်လေး ကို ပျော့ပျောင်း သွားတော့ လေတယ်။

'' မင်း က တစ်ခြား သူတွေ နဲ့ အတူ ရှိနေ ချိန်မှာ ကိစ္စ တွေကို ပိုပြီး သေချာလေး တွေးသင့်တယ်။ မင်း ဘာပဲ လုပ်ချင် ပါစေ အဲ့တာ တွေကို ဒီ အတိုင်းပဲ လုပ်ချ လိုက်လို့ မရ ဘူးလေ ''

အောင်းဝ်ဝူ က တစ်ဖက် မှာ ထရပ် ပြီးတော့ ပြောလိုက်တယ်။

''အာဝူး!  ''

သူမ ပြောချင်တာ က သူမ အရမ်းကို ပျော်ပါတယ် လို့ပေါ့။ တကယ်လို့ ဒီနေရာမှာ နျင်းချု နဲ့ အတူတူ မရှိနေ နိုင်ရင် တောင်မှပဲ တစ်ခြား နဂါးလေး တွေ နဲ့ အတူတူ ကစား ရတာ အသားကျ နေပြီ ဖြစ်တာ ကြောင့် သူမ လေး က ပျော်ပါတယ် ပေါ့လေ။

နျင်းချု က အောင်းဝ်ဝူ ကို လှမ်းကြည့်ကာ နည်းနည်း လေး ပြုံးလိုက် ပြီးတော့ အောင်းဝ်အာ့ ရဲ့ ခေါင်းလေး ကို အသာလေး ပွတ်ပေး လိုက် လေတယ်။

'' ကောင်းပြီ၊ နောက် တစ်ကြိမ် ရောက်ရင် တော့ ခွင့်ပြု ချက် မရှိပဲ ဘာမှ မလှုပ်ရှား နဲ့နော်''

ပြီးတော့ ဒီအချိန်မှာ တော့ တကယ်ပဲ ကျောင်းသား တွေက......အောင်းဝ်အာ့ ကို မြင်တွေ့ သွားကြ ပြီလေ။ အောင်းဝ်အာ့ က နျင်းချု ရဲ့ လက်ဖဝါး ကို ​ပြန်ပွတ်သပ် လိုက်ပြီး တော့ အဝေးဆီကို ပျံပြေး လိုက် လေတယ်။

'' ဝူးယူး''

နျင်းချု က ခေါ်လိုက်တယ်။ ပြီးတော့ သူ့ရှေ့က မြက်ခင်းပြင် ဆီကို လက်ညှိုးထိုးလျက် အေးဆေး စွာနဲ့ ပြောလိုက် လေတယ်။

'' မင်းလည်း အတူတူ ပဲ ဒီနေရာ ကို လာခဲ့ ပါ ''

နဂါးနက်လေး က သူ့ရဲ့ ဟူးမန်း နာမည်ကို ကြား ရတဲ့ အခါ မှာတော့ သူက အနည်းငယ် မသက်မသာ ဖြစ်သလို ခံစား ရ လေတယ်။

အတိတ်မှာတော့ နျင်းချု ရဲ့ အရှေ့မှာ သူက နဂါးလေး ပုံစံ နဲ့ဆို နျင်းချု က သူ့ကို ' ကလေးလေး '(ပေါင်ပေါင်း) ဆိုပြီး တော့ပဲ ခေါ်လေ့ ရှိတယ်လေ။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Donde viven las historias. Descúbrelo ahora