အပိုင်း (76)

1K 164 0
                                    

(76) စုံတွဲ (၃)

နျင်းချု က နဂါးလေး တွေကို သူ့အနားဆီ ခေါ်ထား လိုခဲ့တယ်။ အဲ့တာ ပဲ သူတို့ အတွက် အလုံခြုံဆုံး ဖြစ််မယ်လို့ သူယုံကြည် ခဲ့တာ ပဲ ဖြစ်လေတယ်။ ဒါပေမယ့် ဘယ်တော့မှ သူမတွေးမိ ခဲ့တာ က သူဟာ သူတို့နဲ့ နှိုင်းယှဥ်ရင် ပိုပြီးတော့ အားအနည်းဆုံး ဆိုတာကို ပါပဲ။

သူက တစ်ခဏလောက် ရုန်းကန် နေပြီးတော့ မှ အောင်းဝ်စန်ကို ကောက်ကိုင် လိုက်တယ်။

'' စန်းစန်း မင်း ငါနဲ့ နေရတာ ကို ကြိုက်လားဟင်? ငါက မင်းကို နေ့တိုင်းပဲ ကျောင်းမှာ ပုန်းခိုင်း နေမိတယ်။ ငါ မင်းကို ခံစား ရစေ ပါပြီ ''

အောင်းဝ်စန်း က သူ့ခေါင်းလေးကို မော့ကာ နျင်းချု ကို ထူးဆန်းတဲ့ မျက်လုံးတွေ နဲ့ ကြည့်လိုက် လေတယ်။ ပြီးတော့ နျင်းချု ရဲ့ မေးစေ့ကို လျက်လိုက် လေတယ်။

နျင်း က ဘာကြောင့် အဲ့လို တုံးအ မိုက်မဲတဲ့ မေးခွန်းမျိုး မေးရတာလဲ?

ပြီးတော့ ' မင်းကို အများကြီး ခံစားစေ ခဲ့ ရပြီ ' ဆိုတာ ကရော ဘာအဓိပ္ပါယ်လဲ?

နျင်းချု က အောင်းဝ်စန်း ဘာကို ဆိုချင်တာ လဲ ဆိုတာကို သိတဲ့ အတွက်ကြောင့် သူက လက်ကို မြောက်ကာ သူ့မျက်နှာကို သုတ်လိုက် ပြီးတော့ သူ့နှလုံးသားထဲမှာ စိတ်သက်သာရမှု တစ်ချို့ ရသွားတော့တယ်။

သူက နဂါးနက်လေး ကို လည်း ကောက်ကိုင် လိုက်ပြီးတော့ ထိုမေးခွန်း မျိုးကိုပဲ ထပ်ပြီးတော့ မေးလိုက်လေတယ်။

'' အောင်းဝ် ပေါင်ပေါင်လေး ကလည်း ငါနဲ့ အတူတူ နေရတာ ကို စိတ်မရှိဘူး မလားဟင်? ''

နဂါးအနက်လေး က မလှုပ်ရှားပေမယ့် သူ့ရဲ့ မေးစေ့ကို သာစိုက် ကြည့်နေခဲ့တယ်။ ထိုနေရာကို အစောလေး တုံး က မီးတောက်ကောင် က သူ့အနံ့ကို ချန်သွား ခဲ့တာကို အရမ်းကို မျက်စိ စပါးမွှေးစူး စရာ ကောင်းနေတယ်။

သူက အဲ့လို ကိစ္စမျိုးကို လုပ်လို့ မရတဲ့အပြင် လှည့်ပတ်ပြီးတော့ လည်း သူ့ရဲ့ ဗိုက်လေး ကို ပြသ လို့ ကလည်း မဖြစ်ပါပေ။ ဒါ​ကြောင့် နဂါးနက်လေး က သူ့ရဲ့အမြီး​လေး ကိုသာ အနည်းငယ် ဝေ့ယမ်းပြီးတော့ ချောမွေ့တဲ့ အသားရည်ရှိတဲ့ ကောင်လေးကို စိုက်ကြည့် နေခဲ့ လေတယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Tempat cerita menjadi hidup. Temukan sekarang