အပိုင်း (89)

720 137 0
                                    

(89) ပြန်လည်စုံစည်းခြင်း ၃

ကျောင်သား တစ်ယောက် အနေနဲ့ သူက ဘယ်နေရာ ကိုများ ပြေးသွား နိုင်အုံးမှာလဲ?

ဂျိုအန်း က ဘေးက နေ ကျောင်းသား တစ်ချို့ ကို မေးချင်နေ ပေမယ့် ကလော့ခ်ရဲ့ တားခြင်းကို ခံလိုက် ရလေတယ်။

'' တကယ်လို့ သူတို့ နှစ်ယောက် ရဲ့ သတင်းကို ရခဲ့လို့ ရှိရင် ကျွန်မ တို့က ရှင်တို့ကို ပထမဆုံး အကြောင်း ကြားပေး ပါ့မယ် ''

ကလော့ခ် က ပြောလိုက်တယ် ။

'' စိတ်မပူပါနဲ့ အကြီးအကဲ ရှင့် ''

အဲ့အချိန်မှာပဲ နျင်းချု ကတော့ ကျောင်း ဂိတ်ဝ တံခါး ဆီကနေ ဖြတ်ဝင်ဖို့ အစီစဉ် လုပ်နေ ခဲ့လေတယ်။ နဂါးလေး နှစ်ကောင် က သူ့ရဲ့ ခါးနားလေး မှာ ကုပ် တွယ် ပြီးတော့ အပေါ်ကနေ ကျောင်းဝတ်စုံ အကျယ်ကြီး ကို ဖုံးထား လိုက်ကာ သူတို့ကို အပြင်ကနေ မမြင် ရစေအောင် ဖုံးကွယ် လိုက်လေတယ်။

အပြန်လမ်းမှာ နျင်းချု က အောင်းဝ်စန်း နဲ့ အောင်းဝ်စစ် အား ဝူးယူးရဲ့ ပုံစံ အစစ် ကို သူသိသွား ပြီ ဆိုတာကို ဝူးယူးအား မပြောဖို့ အတွက်  တောင်းဆို လိုက်လေတယ်။

နျင်းချု က သူ့ဘာသာ သူ တွေးလိုက် လေတယ်။ သူက အဲ့နဂါးလေး ဘယ်လို ဝန်ခံ လာမလဲ ဆိုတာကို သိချင် မိတယ် ဆိုတာကိုပေါ့။

အောင်းဝ်စန်း မှာတော့ ဘာကန့်ကွက်ချက် မှ မရှိပေမယ့် အောင်းဝ်စစ် ကတော့ ထပ်ပြီး ရှုပ်ထွေး သွားပြန်တယ်။

ဒီအခြေအနေ က ဘယ်လို ကြီးတုံး?

နျင်းချု က ဝူးယူး ဟာ ဝူးယူး ဆိုတာကို မသိဘူး လား။ ပြီးတော့ အကယ်ဒမီ မှာ နျင်းချု က ဝူးယူး နဲ့ အတူတူ နေတာ မဟုတ်ဘူး လား?

နျင်းချု အတွက် အားစိုက်ထုတ်မှု တွေ အများကြီး သုံးပြီးတော့ သူက ဝူးယူ တစ်ယောက် လူ ဖြစ်လာတယ် ဆိုတာကို မသိခဲ့ ပါဘူးလို့ အောင်းဝ်စစ်ကို အသေအချာ ရှင်းပြ ခဲ့ရလေတယ်။

အောင်းဝ်စစ် က သဘောပေါက် သွားဟန် ပေါ်ပေမယ့် သူမပြောသင့်တာ ကို ပြောလိုက် မိသလို ကို့ယို့ကားယား ခံစား နေရတယ်လို့ နျင်းချု က ဝေဝေဝါးဝါး ခံစားမိလေတယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now