အပိုင်း (86)

717 147 6
                                    

(86) အမြီးစွပ် ကွင်းလေး ၂

အကာအကွယ် အလွှာ ကြီးဆိုတာ က ဘာကို ပြေတာ လဲ?

အဲ့တာ ကြီးသာ ဖွင့်လိုက်ရင် သူက အကယ်ဒမီ ထဲကို သာမန် အတိုင်း ဝင်သွားလို့ ရနိုင် ပါတော့မလား?

အခုချိန်မှာ သူက သိပ်မဝေးတဲ့ နေရာမှာ ပုန်းနေတာ လေ။ တကယ်လို့ သူသာ ဆူညံမှု တစ်ခုလုပ် လိုက်မယ်ဆိုရင် သူတို့တွေ က သူ့ကို ရှာတွေ့ သွားကြမှာ ပဲ ဖြစ်လေတယ်။ ဒါကြောင့် သူ အပြင်ကို ပြန်မထွက် လာခင် ဆရာတွေ ပြန်သွား တဲ့ အထိ စောင့်ဖို့ လိုအပ် လေတယ်။

တစ်ဖက်မှာ လည်း ပိုပြီးတော့ လုံခြုံစေ ဖို့ရာ အတွက် နျင်းချု က အောင်းဝ်စန်း ကို အရွယ်ရောက် ပုံစံ အား မပြောင်းခိုင်း တော့ပဲ နဂါးလေး နှစ်ကောင်ကို ခေါ်ပြီးတော့ လမ်းလျောက်ဖို့ လုပ်ထားတာ ပဲ ဖြစ်လေတယ်။

မှော်စွမ်းအင် ရဲ့ အကူအညီကြောင့် နျင်းချု က လမ်းမှာ လမ်းလျောက် ရတာ အချိန်အများကြီး မကုန်ခဲ့ ပါပေ။ ပြီးတော့ အရင်တုံး က စိုစွတ် နေတဲ့ သူ့ရဲ့ အဝတ်တွေတောင် အကုန် ချောက်သွေ့ သွားပါပြီ။ ပြီးတော့ သူက အကယ်ဒမီ ရဲ့ ဘေးနား တစ်ဝိုက်ကို သွားပြီးတော့ နံရံပေါ်ကို တွယ်တက်လို့ ရမလား ဆိုတာကို တစ်ချက် သွားကြည့် လိုက်လေတယ်။

ဒါပေမယ့် နျင်းချု ရဲ့ မြင်ကွင်း ရှေ့မှာ မြင်လိုက် ရတဲ့ ဟာကတော့ အဖြူရောင် အလွှာကြီး က မှောင်မဲ လှတဲ့ ည အလယ်မှာ ထင်းထင်း ကြီး ရှိနေ ပြီးတော့ အကယ်ဒမီ တစ်ခု လုံးကို ပိတ်ထား ခဲ့တာ ကိုပဲ ဖြစ်လေတယ်။

သူက အကယ်ဒမီ ထဲကို အလောတကြီး ပြေးဝင် သွားတာ မျိုး မလုပ်လိုက် ပါပဲနဲ့ သူက ဘေးနား က ကျောက်တုံးလေး တစ်ခု ကို ကောက်ကာ ထိုတောက်ပနေတဲ့ အဖြူရောင်အလွှာ ဆီကို ချိန်ကာ ပေါက်လိုက် လေတယ်။ ကျောက်ခဲက အဖြူရောင် အလွှာနဲ့ တိုက်မိပြီးတော့ အစိတ်စိတ် အမွှာမွှာ ကွဲ သွားတော့တယ်။

ဒါက.......... ။

တကယ်လို့ အခုချိန် လို ညလယ်ကြီး မှာသာ သူက ကျောင်းဂိတ်ဝ စီ ကနေ ပြေးပြီး ဝင်သွား မယ် ဆိုရင် အဲ့တာက သေချာပေါက် ကို အရမ်း သံသယ ဖြစ်သွား စေနိုင်တယ်လေ။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now