(122) ငါ့ကို ကိုင်ထား ပေးပါ ၂
အခု အချိန်မှာ ရှာတွေ့ဖို့ လိုအပ်နေတာ က အကြီးဆုံး ကလေးမလေး အောင်းဝ်ယိ ပဲ ဖြစ်လေတယ်။ သူမလေး တစ်ယောက်ထဲ ကျွန်းတစ်ခု ပေါ်မှာ အထီးကျန်စွာ နဲ့ နေနေ ရတာ ကို နျင်းချု တွေးမိတိုင်း ပိုလို့တောင် စိတ်အနှောက်အယှက် ဖြစ်ပြီး စိုးရိမ်စိတ် တွေက တိုးလာ ပါသေးတယ်။
နျင်းချု က အဲ့နေရာကို အမြန် သွားလို တာ ကို ဝူးယူး တွေ့တော့ ထပ်ပေါင်းပြီး ပြောလိုက် လေတယ်။
'' တကယ်တော့ ဒီခရီးကို တိုသွား အောင် လုပ်လို့ ရတဲ့ ဖြတ်လမ်း တစ်ခုတော့ ရှိတယ်။ အဲ့တာ က ငါတို့တွေ နေ့ရော ညပါ မနားမနေ ပျံသန်း ရင်တော့ ၃ရက် အကြာမှာ ရောက်နိုင်တယ်။ ''
ထိုကိစ္စ မှာ နဂါးတွေကို အလှည့်ကျ ဆီ ပျံသန်း ခိုင်း ပြီးတော့ ခရီးအလယ်မှာ လုံးဝ မနားရင်တော့ ဖြစ်နိင်တဲ့ ကိစ္စ တစ်ခုပဲ ဖြစ်လေတယ်။
နျင်းချု က ထို အကြံကို ကြားတဲ့ အခါ လုံးဝ ကို တောက်ပ သွားပြီးတော့ တစ်ခြား နဂါးလေး တွေကို ပြောပြ ကာ သူတို့ ဘယ်လို သဘောရ သလဲ ဆိုတာကို မေးမြန်း ခဲ့လေတယ်။ အောင်းဝ်စစ် ကလည်း အမြန်ဆုံး သွားချင်တဲ့ အတွက်ကြောင့် သူက အရင်ဆုံး စတင် ပြီးတော့ သဘော တူလိုက် လေတယ်။
အောင်းဝ်အာ့ နဲ့ အောင်းဝ် စန်း တို့ကလည်း ဒါနဲ့ ပတ်သက်ပြီး တော့ အဆင်ပြေ လေတယ်။ ပြီးတော့ ထို ၃ ယောက် ၊ နျင်းချုအပြင် အောင်းဝ်ဝူ နဲ့ ဝူးယူးတို့ အပါအဝင် သဘော တူတဲ့ အတွက်ကြောင့် နဂါးလေး တွေက ဘယ်သူက ဘယ်အလှည့် မှာ ပျံသန်း ရမလဲ ဆိုတာကို ဆွေးနွေး ခဲ့ကြ လေတယ်။
ဝူးယူး က သူထပ်ပြီးတော့ မစားနိုင်တော့ တဲ့ ပေါင်မုန့်ခြောက်ကို ချလိုက် ပြီးတော့ စေတနာ ဝန်ထမ်း ဖို့ အတွက် ပြောလိုက်တယ်။
'' ငါလည်း မင်းတို့လို ပျံသန်း ပေးနိုင်တယ်။ ''
သူက တစ်ခြား နဂါးတွေ ထက် စွမ်းအား က ပိုပြီးတော့ များပြားကာ သူ့ရဲ့ စွမ်းအား က အထွပ်အထိပ် ရောက်တဲ့ အချိန်မှာ ဆို အမြန်နှုန်း က အောင်းဝ်အာ့ သွားနှုန်း နဲ့ အတူတူ ပဲ ဖြစ်လေတယ်။
BẠN ĐANG ĐỌC
နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]
Ngẫu nhiênနဂါးကျွန်း ဆိုတဲ့ app ကို ဒေါင်းလုခ် လုပ်ပြီး သားပေါက်လေးတွေကို အရူးအမူး ပျိုးထောင် ပေးပြီးတဲ့နောက် ထိုဂိမ်းထဲက သားပေါက်လေးတွေ ဆီ ကူးပြောင်းရောက်ရှိသွားတဲ့ သားပေါက်လေးများရဲ့ ဖေဖေကြီး နျင်းချူ အကြောင်းပါ။ [ တစ်ပိုင်းက ပုံမှန်ထက် ၄ဆ ရှည်ပါတယ်။ မုဆိုး...