(88) ပြန်လည် စုံစည်းမှု ၂
ဝူးယူး က မနက်အာရုံတက် မတင်ခင် အထိ ပွေ့ဖက်ထား ပေး ပြီးတော့မှ ပေါ်ဝမ် တစ်ယောက် ပြန်မနိုးလာ ခင် လိုက်ကာ စကို ပြန်ဆွဲ ကာ ကာလိုက် ပြီးတော့ မှ နဂါးပုံစံကို ပြန်ပြောင်း လိုက် လေတယ်။ ပြီးတော့ အထဲမှာ ဆောက်ပေးထားတဲ့ နဂါးတွယ်တက် စင်လေး ကိုလည်း ယူနီဖောင်း နဲ့ လှမ်းအုပ် ထားလိုက်တယ်။
နှိုးစက် က အချိန်မှန် မြည်လာ ခဲ့ပြီးတော့ ပေါ်ဝမ် ကလည်း နိုးလာ ခဲ့လေတယ်။ သူက ထပြီး ရေချိုး အဝတ်စား လဲကာ အပြင်မထွက်ခင် နျင်းချု အိပ်ယာ ဘက်ကို အသံ လှမ်းပေး လိုက်လေတယ်။
'' ဟွိုက် ငါအတန်း သွားတက်တော့ မယ်။ မင်းအိပ်နေ တုံးပဲလား? ''
အိပ်ယာ က တိတ်ဆိတ် နေပြီးတော့ ဘယ်သူ တစ်ယောက် ကမှ ပြန်မဖြေ လာပေ။ ပေါ်ဝမ် က ထူးဆန်းတယ် လို့ ခံစား လိုက် ရပြီးတော့ ခေါင်းကို လှည့်လိုက် တဲ့ အခါ တံခါးဝမှာ နျင်းချု ရဲ့ ဖိနပ် မရှိတော့တာ ကိုတွေ့လိုက် ရလေတယ်။
သူက ထပ်ခေါ် ပြီးတော့ အိပ်ယာရဲ့ လိုက်ကာ ကို ဆွဲ ဖွင့်လိုက်လေတယ်။
အိပ်ယာထဲ မှာတော့ တစ်ကယ် တစ်ယောက် မှ ရှိမနေ ပဲနဲ့ တစ်ဖက်မှာတော့ စောင်တွေက အထွေးလိုက် ကြီး ပုံထား တာကို တွေ့လိုက် ရလေတယ်။
'' ဟမ်? ''
ပေါ်ဝမ် က သူ့မျက်နှာပေါ်က မျက်မှန် ကို တွန်းတင် လိုက်တယ်။ သူ့ထက် စောပြီးတော့ များ နျင်းချု က အိပ်ယာထသွားတာ များလား?
သူက အရမ်းတွေ အိပ်ရေး ကြီးနေလို့ ဘာကိုမှ မကြားလိုက်ပဲ နျင်းချု ကထွက်သွား တယ်လို့ပဲ ယူဆ လိုက်ပြီးတော့ သူက အတန်းတက်ဖို့ပဲ သွားလိုက် တော့လေတယ်။
ပေါ်ဝမ်လည်း အပြင်ကို ထွက်သွား ပြီးရော နဂါးလေး နှစ်ကောင် က အိပ်ယာအောက် ကနေ ထွက်လာ ခဲ့လေတယ်။
ဝူးယူး က သူ့ရဲ့ လူသား ပုံစံကို ပြန်ပြောင်း လိုက်ပြီးတော့ နျင်းချု အမြဲ လုပ်နေကြ အတိုင်းပဲ တံခါးကို လော့ခ် ချ လိုက်လေတယ်။
ဒီလိုကြီးပဲ အမြဲတမ်း ပုန်းကွယ် နေရတာ က တကယ်ပဲ အကြံကောင်း တစ်ခုတော့ မဟုတ်ဘူး။ တကယ်လို့ နျင်းချုသာ သူ့ရဲ့ အိပ်ခန်း ဆီကို ပြောင်းလာ ခဲ့လို့ ရရင်........။
ESTÁS LEYENDO
နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]
De Todoနဂါးကျွန်း ဆိုတဲ့ app ကို ဒေါင်းလုခ် လုပ်ပြီး သားပေါက်လေးတွေကို အရူးအမူး ပျိုးထောင် ပေးပြီးတဲ့နောက် ထိုဂိမ်းထဲက သားပေါက်လေးတွေ ဆီ ကူးပြောင်းရောက်ရှိသွားတဲ့ သားပေါက်လေးများရဲ့ ဖေဖေကြီး နျင်းချူ အကြောင်းပါ။ [ တစ်ပိုင်းက ပုံမှန်ထက် ၄ဆ ရှည်ပါတယ်။ မုဆိုး...