အပိုင်း (58)

1.5K 284 7
                                    

(58) အနည်းငယ် မပျော်ရွှင်မှု ၃

သူမလေးရဲ့ နောက်ကျော က ပါးလွှာပြီးတော့ သေးငယ်တဲ့ တောင်ပံလေး တွေက ပြန့်လာကာ အကြိမ်အနည်းငယ်လောက် ပုတ်ခတ် ပုတ်ခတ် လုပ်ပြီးတော့ မှသာ သူမရဲ့ နဂိုပုံစံကို ပြန်ရောက် သွားလေတယ်။ ပြီးတော့ နျင်းချု ရဲ့ အင်္ကျီ လက်စ ကို တွယ်တက်လေတော့တယ်။

နျင်းချု က လိုက်ကာ ကာထားတဲ့ အိမ်ယာပေါ်ကို  သူ့ကိုယ်သူ  ပတ်လတ်လန် လှဲလိုက်ချိန်မှာပဲ အောင်းဝ်ဝူလေး ကို တင်းကြပ်စွာ ဖက်ထားလေတယ်။

သူက အောင်းဝ်ဝူလေး ရဲ့ ဂျို အသေးလေး ကို ထိကိုင်ကာ တိတ်တိတ်လေး ပြောလိုက်တယ်။

'' မင်း အိမ်မှာ ကောင်းကောင်း နေရဲ့လား။ အစာရော ကောင်းကောင်း စားရဲ့လား ''

အောင်းဝ်ဝူက ခေါင်းကို ခပ်လေးလေး ငြိမ့်ပြတဲ့အခါ နျင်းချု  က ပြုံးလိုက်ပြီးတော့  သူမလေး ရဲ့ နဖူးကို အသာလေး နမ်းလိုက်လေတယ်။

နျင်းချု ကို မြင်ရဖို့ အတွက် တစ်​နေကုန် စောင့်စားပြီးတဲ့နောက် အောင်းဝ်ဝူ လေးက အရမ်းကိုပျော်ရွှင် နေပေမယ့် နေ့အချိန်တုံးက နျင်းချုဟာ တစ်ခြား နဂါးတစ်ကောင်ကို အစာကျွေးနေတာ အား ပြန်ပြီးတော့ သူမ အမှတ်ရ သွားလေတယ်။

သူမ က အနည်းငယ် စိတ်ပျက်သွားကာ ဝူးယူး က သူမကို နျင်းချုအား မကြည့်ခိုင်းတာ ကြောင့် အရမ်းကို ဒေါသ ထွက်နေခဲ့လေတယ်။

အောင်းဝ်ဝူ က ပွေ့ဖက် မှု ထဲကနေ ရုန်းထွက်ပြီးတော့ သူ့ရဲ့ ရင်ဘက် ပေါ်ကို သွားပြီးလဲ လိုက်ကာ သူမရဲ့ အမြီးကို နျင်းချု ဘက် လှည့်ထား လိုက်လေတယ်။ နျင်းချု က သူမတို့ကို လုံလောက် စွာ သိထားပြီးသား မလို့ သူမလေး ရဲ့ အမြီးလေး ကို ညင်သာစွာ တို့လိုက်လေတယ်။

'' ဟမ်? ''

ထိုအချိန်မှာပဲ နဂါးနက်လေးက ပျံသန်းသွားကာ နျင်းချုရဲ့ ကိုယ်တစ်ဝက် လဲထားတဲ့ အပေါ်က ညှပ်ရိုးရဲ့ အောက်နားလေးမှာ ဝင်ထိုင်လိုက်ပြီးတော့ နျင်းချုကို အထက်ကနေ ငုံ့ကြည့်နေခဲ့တယ်။

နျင်းချု, '' ? ''

သူ တစ်နေ့ပဲ အပြင်ကို ထွက်ရသေးတာ ပါ။ ဘာလို့ သူ့နဂါးလေး နှစ်ကောင်နဲ့ ပတ်သတ်ပြီး တော့ ထူးဆန်း တဲ့ ခံစားချက် တွေ ရနေသလဲ ဆိုတာကို သူလည်းမသိတော့ ပါပေ။ သူတို့ကလည်း ထူးဆန်းစွာ ပြုမူနေကြ တယ်လေ။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now