အပိုင်း (121)

605 99 0
                                    

(121) ငါ့ကို ကိုင်ထား ပေးပါ ၁

ညလေ က ပြင်းထန် နေပြီးတော့ သူတို့က တောအုပ် ရဲ့ အစွန်မှာ အိပ်နေ ကြတာ ပဲ ဖြစ်လေတယ်။ သစ်ပင်တွေ ရဲ့ အရိပ်ကို မရတော့ လေထုရဲ့ အပူချိန် က ပိုလို့တောင် အေးလာ ခဲ့ လေတယ်။

နဂါးလေး တွေ က လုံးဝ ကို အအေး မကြောက် ပါပေ။ အထူးသဖြင့် အောင်းဝ်စန်း ပေါ့လေ။ သူ့ရဲ့ ကိုယ်က အပူချိန် ​အမြင့်ဆုံး ဖြစ်ပြီးတော့ အနွေးဓာတ် တွေက နဂါး လေး ၄ ကောင် အကြား ပျံ့နှံ့ ပေးနေကာ သူကိုယ်တိုင် ကတော့ ခေါင်းလေးကို အပြင် ဘက် ကို ထုတ်ထား လိုက်လေတယ်။

နျင်းချု က အပေါ်ထပ် အပါးလေး ပဲ ဝတ်ထားတာ ဖြစ်လေတယ်။ စာချုပ်ဝန်ဆောင် မှုကနေ ရတဲ့ စွမ်းအား တွေဟာ ခုခံ ကာကွယ် တိုက်ခိုက်တဲ့ နေရာမှာပဲ သုံးလို့ ရတာ ဖြစ်ပြီးတော့ သူ့ကို တော့ အအေးဒဏ် ကနေ မကာကွယ်ပေး နိုင်ပါပေ။ ဒါကြောင့် အိပ်နေစဥ် အတောအတွင်းမှာ နျင်းချု က အောင်းဝ်ဝူ လေးကို တင်းတင်းလေး ဖက်ထား ပြီးတော့ သူ့ရဲ့ မျက်မှာကို အဝတ်ထဲ တစ်ဝက် နစ်မြုပ်ထား လိုက် လေတယ်။

သူ့နောက်ကနေ ပြီးတော့ ပူပြင်းတဲ့ အရင်းအမြစ် ကြီး တစ်ခု က ချဥ်းကပ်လာကာ သူ့ကို တိုက်ခိုက်နေတဲ့ လေအေး တွေကို တာဆီး ပေးလိုက် လေတယ်။

ဒါကြောင့် နျင်းချု ရဲ့ ကြုတ်ထားတဲ့ မျက်မှောင် တွေက တဖြေးဖြေး နဲ့ ပြေလျော့ သွားတော့ လေတယ်။

ပြီးတော့ မသိစိတ် ကနေ အနောက်ကို မှီလိုက်တာ ကြောင့် နျင်းချု ရဲ့ ဆံပင်တွေက ဝူးယူးရဲ့ နှာခေါင်း ထိပ်လေးကို ထိသွား ပြီးတော့ ဝူးယူး ခမျာ တရှုံ့ရှုံ့နဲ့ ရှုရှိိုက် လိုက်လေတယ်။

အချိန် အတော် ကြာပြီတော့ နျင်းချု ရဲ့ အသက်ရှုသံ တွေက စီးချက် မှန်လာကာ အိပ်ပျော် သွား တော့ လေတယ်။

ဝူးယူး ရဲ့ တင်းကျပ်ထားတဲ့ အာရုံတွေ ကလည်း ပြေလျော့ သွားကာ နျင်းချု ရဲ့ ဆံပင်တွေကို ထိဖို့ အတွက် သူ့ရဲ့ လက်ကို မြှောက်လိုက် လေတယ်။

သူက တကယ်ကြီး နျင်းချု ရဲ့ အတွေးတွေ နဲ့ စိတ်ကို မခန့်မှန်း နိုင်ပါပေ။ ဒါပေမယ့် သူက နျင်းချု နဲ့ ရှိနေ သမျှ ကာလ ပတ်လုံး သူက နျင်းချု ရဲ့ အတွေးတွေ ကို မဖတ်နိုင် လည်း ကိစ္စ မရှိပါပေ။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Nơi câu chuyện tồn tại. Hãy khám phá bây giờ