အပိုင်း (16)

2.2K 372 0
                                    

(16) စုဝေးစျေးတန်း (၆)

ရှင်းပြချက် အရ ဆိုရင်တော့ သီအိုရီ အတန်းကို ယူရတယ် ဆိုတာက အရှုံးသမားတွေ ပဲ ယူရတယ် ထင်ပါတယ်။ နျင်းချု ပုံနှိပ်စာအုပ် ကို လှန်လိုက်တဲ့ အခါမှာ သူက အတန်းရဲ့ ဇယား ကို တွေ့သွား လေတယ်။

ထိုအတန်း ​က သူတို့ တစ်နေ့လုံး အတွက် တစ်ချိန်ထည်း တက်ရတာ ဖြစ်ပြီးတော့ ကျန်တဲ့အချိန်တွေ ကို ကျောင်းသား တွေက သူတို့ကြိုက်ရာ လုပ်ခွင့် ရှိလေတယ်။ သူတို့က ဆရာတွေဆီ နားမလည်တဲ့ မေးခွန်းတွေ သွားမေးတာပဲ ဖြစ်စေ ဒါမှမဟုတ် သူတို့ဘာသာ သူတို့ မှော်လေ့ကျင့်ရေး လုပ်တာမျိူးတွေ လုပ်ကြလေတယ်။

နျင်းချု က သူ့ရဲ့ ပုံနှိပ်စာအုပ်ကို စိုက်ကြည့်နေကာ စုဝေးစျေးတန်း ဆီကို တစ်ချက်လောက် ထပ်သွားကြည့်ဖို့ စိတ်ကူးထားလေတယ်။

နေ့လည်ခင်းမှာတော့ ပေါ်ဝမ် က အိပ်ဆောင်ကို ပြန်ကာ တစ်ရေးအိပ်လေတယ်။ ပြီးတော့ နျင်းချုက တိတ်တိတ်လေး ခိုးထွက်လာကာ စုဝေး စျေးတန်းကို တစ်ယောက်ထဲ ထွက်လာခဲ့လေတယ်။

နျင်းချု က ခုံရှေ့မှာ ရပ်ပြီးတော့ မေးလိုက်လေတယ်။

'' ခများတို့ ဆီမှာ ပထမ နှစ်ကျောင်းသား တွေအတွက် အလုပ်တာ ဝန် ရှိပါသလား? ''

မနေ့ က တာဝန်ကဒ် ပြန်ယူတဲ့ လူကပဲ စာအုပ်နဲ့ အပြည့် တာဝန်ကဒ်တွေကို ပြလာပြီးတော့ ပြောလိုက်တယ်။

'' ကိုယ့်ဘာကို တစ်ခု ရွေးလိုက် ''

နျင်းချူ က ကဒ်တွေကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးတော့ ကဒ်တစ်ခု အပေါ်မှာ ' ပဟေဠိ ' တောအုပ်လို့ ရေးထားတာ ကိုတွေ့လိုက်ရလေတယ်။

'' အဆင့်၁ တာဝန်: အမွှေးထူ အသီး အလုံး ၃၀ စုဆောင်းရန် ၊ တည်နေရာ:ပဟေဠိ တောအုပ် အစွန်အဖျားပိုင်း ၊ ဆုငွေ : ရွှေတစ်ပြား ''

ပဟေဠိ တောအုပ်ရဲ့ အစွန်အဖျားပိုင်း က မှော်သားရဲတွေဟာ ကျက်စားဖို့ စိတ်မဝင်စားတာကြောင့် အရင်တစ်ခေါက် နျင်းချူ သွားတဲ့ နေရာ ထက် ပိုပြီးတော့ လုံခြုံလေတယ်။ သူက အဲ့ကဒ်ကို ဆွဲထုတ်လိုက်တယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Opowieści tętniące życiem. Odkryj je teraz