အပိုင်း (119)

486 88 1
                                    

(119) တောရိုင်းထဲ မှာ အိပ်စက် ကြခြင်း ၂

ဝူးယူး လိုပဲ တစ်ခြား နဂါးလေး တွေ ကလည်း အကုန် အဆင် ပြေ လေတယ်။

သူတို့ အခုရောက် နေတဲ့ နေရာက ကွင်းပြင် ကြီး ဖြစ်တဲ့ အတွက်ကြောင့် နျင်းချု က တောနက်တဲ့ အထဲကို ပိုပြီး ဝေးဝေးလေး ဝင်သွားဖို့ ရည်ရွယ်ခဲ့ လေတယ်။  ပိုပြီးတော့ လုံခြုံတဲ့ နေရာ တစ်ခု ကို ရှာချင်တာ ပဲ ဖြစ်လေတယ်။
ပြီးတော့ အချပ်ပြား ကို သာမန်ကာလျှံကာ ထုတ်ပြီးတော့ ကြည့် လိုက်လေတယ် ။

ညွှန်တံ က အရင်က ထက် ကွဲပြားတဲ့ အခြေအနေ မျိုးမှာ ရှိလေတယ် ။ အဲ့တာ က အဝါရောင် ဧရိယာ မှာ အနည်းငယ် တုန်လှုပ် နေပြီးတော့ တဖြေး​ဖြေး နဲ့ အဲ့တာ က ရပ်တန့် သွားလိုက် လေတယ်။

နျင်းချု က အဲ့တာ ကို အကြိမ်ပေါင်း များစွာ ကြည့်လိုက် ပြီးတော့ အဲ့ညွှန်တံ က ထပ် မရွေ့တော့ ဘူးဆိုတာ ကို သာ သေချာ အောင် လုပ်ပြီးတဲ့ နောက် အဲ့အချပ်ပြား ကို သိုလှောင်အိတ် ထဲ ပြန်ထည့် လိုက်လေတယ်။

သူက အရှေ့ကို ဦးဆောင်ပြီး ဆက်လျောက် သွားကာ အောင်းဝူလေး ကိုတော့ လက်မောင်း ထဲမှာ ပွေ့ထား လိုက်လေတယ်။ အောင်းဝ်ဝူလေး က အတောင် သေးသေးလေး တွေကို ဖြန့်ပြီးတော့ သူ့ရဲ့ ပုခုံးပေါ် ကိုတောင် ပျံတက် လာနိုင် နေပြီ ပဲ ဖြစ်​လေတယ်။

သူမလေး က ဝူးယူးနောက်ကို လိုက်ကာ လမ်းတစ်လျာက်လုံး မှာ အောင်းဝ်အာ့ ၊ အောင်းဝ်စန်းနဲ့ အောင်းဝ်စစ် တို့နဲ့ အတူ ဆော့ကစား နေကြ သေးလေ တယ်။

အရမ်းကြီး မှောင်မလာ ခင်မှာပဲ နျင်းချု က သစ်တော အစွန်းမှာ ရပ်လိုက် လေတယ်။ သူက မီးမှော်ကို အသုံးပြု ပြီးတော့ လေထဲမှာ ဝဲလွင့်နေတဲ့ မီးလုံး လေးတွေ လုပ်ထား ပြီးတော့ အလင်းရောင် တွေ ကို လင်းစေ ခဲ့ လေတယ်။ ပြီးတော့ အသား တွေ နဲ့ အတူ အောင်းဝ်ဝူလေး အတွက် အုပ်ဂျုံတွေ ကို မောလ် ထဲက နေ ဝယ်ယူ လိုက်လေတယ်။

အောင်းဝ်ဝူ က အတော်လေး ကို ဗိုက်ဆာ နေပြီ ပဲ ဖြစ်ပြီးတော့ နျင်းချု က သူမကို ကျွေးတာ ကို မစောင့် နိုင်တော့ ပါပေ။ ဒါကြောင့် သူမ က အုတ်ဂျုံမြတ် အစုကြီး အပေါ်ကို ပြေးသွား ပြီးတော့ ပျော်ရွှင်စွာ စားသောက် လေတယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Où les histoires vivent. Découvrez maintenant