အပိုင်း (99)

719 127 0
                                    

(99) အရှင် နဂါး နတ်ဘုရား ၁

အစိမ်းရောင် နဂါးငယ် လေး က အခုမှ အသေးလေး ပဲ ရှိနေ ဆဲ ဖြစ်ပြီးတော့ နျင်းချု ရဲ့ လက်ဖဝါး နှစ်ဖက်စာ ထက် နည်းနည်း ပဲ ပိုကြီးတာကြောင့် အောက်ကို ချ ပေးလိုက် တဲ့ အခါ ရှည်လျား တဲ့မြက် တွေကြား တစ်ကိုယ်လုံး  နစ်မြုပ် သွားပြီးတော့ ဝေ့ယမ်း နေတဲ့ ဂျိုလေး တွေကသာ ပေါ် နေ ခဲ့လေတယ်။

အောင်းဝ်အာ့ က အမြန်ပဲ ပြေးလာပြီးတော့ မြက်တွေ ကြား ထဲနစ်မြုပ် နေတဲ့ နဂါးပေါက်စ လေးကို ရှာပြီးတော့ သူမ ကို တရှုံ့ရှုံ့ နဲ့ အနံ့ခံ နေခဲ့ လေတယ်။

အောင်းဝ်အာ့ က အရမ်းကို စိတ်လှုပ်ရှား လွန်းလို့ အောင်းဝ်ဝူ လေးရဲ့ နဖူး နဲ့ ဂျိုလေး တွေ ကို ခဏခဏ လျက်နေကာ အော်လဲ အော် နေခဲ့ ပါသေးတယ်။

'' အာဝူ ၊ အာဝူဝူ ''

အောင်းဝ်ဝူ ခမျာ အနောက်ကို လှန်ကျတော့ မလိုတောင် ဖြစ်နေ တာမလို့ အောင်းဝ်အာ့ရဲ့ ခေါင်းကို ပုတ်ထုတ်လိုက် ပြီး သူ့ရဲ့ လည်ဆံမွှေး တွေကို ပွတ်သပ် လိုက်တယ်။

အောင်းဝ်စစ် ကလည်း ထိုနေရာဆီ ကို ပျံသန်းလာကာ အရင်လိုပဲ နဂါးပေါက်စ လေး တစ်ကောင် ဖြစ်သွား ပြီးတော့ နျင်းချု ရဲ့ ဘေးနားမှာ စောင့်ကြောင့်လေး ဝင်ထိုင်ရင်း သူ့လက်သည်း တွေကို လျက်နေ ခဲ့လေတယ်။

အောင်းဝ်အာ့ နဲ့ အောင်းဝ်ဝူ တို့က အခုမှ တွေ့ကြ ရတာ ဖြစ်လို့ နျင်းချု က သွားပြီးတော့ အနှောင့်အယှက် မပေးတော့ ပဲ ဘေးပတ်ဝန်းကျင် ကိုသာ ထပြီးတော့ သွားပတ် ကြည့် နေခဲ့ လေတယ်။

ဒီဘေးနား က ပတ်ဝန်းကျင်က သူနဲ့ ရင်းနှီး မနေတဲ့ အပြင် အောင်းဝ်အာ့ က ဘယ်လောက် ဝေးဝေး ​ပျံသန်း ခဲ့သလဲ ဆိုတာကို သူမသိပါပေ။ ပြီးတော့ ဒီနေရာမှာ က တောင်တန်း တွေနဲ့ တောအုပ် တွေ ရှိတဲ့ အတွက်ကြောင့် သာမန် နဂါး တွေက အများကြီး က သစ်ပင်တွေ အောက်မှာ ရှိနေ ကြတယ်လေ။

သူက ရုတ်တရက် ကြီး အဝေး ကို အခေါ်သွား ခံ ရတာကြောင့် အိမ်မှာ ကျန်ခဲ့တဲ့ ဝူးယူး နဲ့ အောင်းဝ်စန်း တို့ အခုချိန်မှာ ဘယ်လို ဖြစ်နေ ပြီလဲ ဆိုတာကို သူမသိပါပေ။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now