အပိုင်း (120)

594 109 2
                                    

(120) တောရိုင်းထဲ မှာ အိပ်စက် ကြခြင်း ၃

နျင်းချု က ဝူးယူး ရဲ့ ငွေတွေကို သုံးရတာ အနည်းငယ် မလွယ်ကူဘူး လို့ ခံစား ရ လေတယ်။ သူက ဘာကို ကို့ယို့ကားယား ဖြစ်နေ တယ်ဆိုတာ ကတော့ အတိအကျ လည်း မပြော နိုင်ပါပေ။ ဒါပေမယ့် သူက ဝူးယူး ရဲ့ ငွေကြေး ကို မထိ နိုင်ရုံသာ ဖြစ်လေတယ်။

ယုန် က ကျက်သွား တဲ့ အခါ အဲ့တာ ရဲ့ အသား တစ်ဝက် ကို ဝူးယူး အား ပေးလိုက် လေတယ်။ နောက်တော့ အသား တစ်ပိုင်း ဝယ်ကာ နဂါးပုလေး ကို ကျွေးလိုက် တော့ လေတယ်။

ဝူးယူး က ချက်ချင်း ပဲ လက်ကို ဆန့်ကာ အစောက နျင်းချု မယူလိုက်တဲ့ အဆင့်မြင့် သိုလှောင်အိတ် ကို နျင်းချု လက်ထဲ အတင်း ထည့် ပေး လေတယ်။

နျင်းချု က အဲ့တာ ကို မယူ လိုပါပေ။

'' မင်း က ဘာတွေ လုပ် နေ ရတာလဲ ''

'' မင်း အတွက်လေ ''

ဝူးယူး က နျင်းချု ကို ကြည့်နေ ပြီးတော့ နျင်းချု တစ်ယောက် သိုလှောင်အိတ် ကို မယူလို မချင်း လက်အား မလွတ် ပါပေ။

ဝူးယူး က အသား ကို အခုလေးတင် စားပြီးတဲ့ နဂါးပုလေး ကို ဆင့်ခေါ်လိုက် လေတယ်။ ပြီးတော့ သူ့ရဲ့ လက်ဖဝါး ကို နဂါးပုရဲ့ နဖူး ပေါ်မှာ တင်ထား ပြီးတော့ ပြောလိုက် လေတယ်။

'' သွား တော့ ''

အခုချိန်မှာ သူနဲ့ နျင်းချု တို့က အကယ်ဒမီ ကနေ ထွက်လာ ခဲ့ ပြီး ဖြစ်တာ ကြောင့် သူတို့ အနားမှာ သာ နဂါးပု ဆက်နေရင် လုံးဝ ကို လုံခြုံမှု ရမှာတော့ မဟုတ် ပါပေ။

ဝူးယူး တစ်ယောက် နဂါးပု ကို လွတ်ပေး နေတာ ကို နျင်းချု က စောင့်ကြည့် နေလေတယ်။ နောက်တော့ သူ့လက်ထဲ က အဆင့်မြင့် သိုလှောင်အိတ် ကို ကြည့်လိုက် လေတယ်။ နောက်ဆုံးမှာတော့ သူက အဲ့တာ ကို သိမ်းလိုက် တော့လေတယ်။

ထိုကင်ထား တဲ့ ယုန်အသား ကို နှစ်ယောက် သား အတူတူ ကုန်စင် အောင် ဝေမျှ စားသောက် လိုက် ကြလေတယ်။ ပြီးတော့မှ မီးပုံကို ရှင်းလင်း လိုက်တော့ လေတယ်။ နျင်းချု က တဖြေးဖြေး ပိုကောင်း လာပြီ ဆိုတာကို ဝူးယူး သိသိသာသာ ကိုပဲ ခံစား လာရ လေတယ်။ ဘာလို့လဲ ဆိုတော့ နျင်းချု က သူ့ရဲ့ ချဥ်းကပ် မှုကို မခုခံ တော့တာ ကြောင့် ဖြစ်လေတယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Tempat cerita menjadi hidup. Temukan sekarang