အပိုင်း (49)

1.6K 303 1
                                    

(49) ဖေ့ဖေ့ကို ရှာမယ် ၁

အောင်းဝ်ဝူ က သူမရဲ့ အခွံကို ခွဲ ပြီးတော့ ဥ ပေါက်တော့မယ်!

နျင်းချု က တစ်ခဏ တာ အေးခဲ သွားပြီးတော့မှ အမြန်ပဲ အိပ်ဆောင်တံခါး ကို သွားပြေး ပိတ်ပြီးတော့ ရုတ်တရက် လူဝင်လာမှာ ကို လော့ခ်ချကာ တားဆီး လိုက်လေတယ်။

သူက အိပ်ယာဘေးမှာ ထိုင်ချကာ အသက်ပြင်းပြင်း ရှုနေရပေမယ့် မလှုပ်ရှားရဲ ပါပေ။ သူ့ရဲ့ နှလုံးသား ကတော့ အရှိန် ပြင်းပြင်းနဲ့ ခုန်လှုပ်နေခဲ့တယ်။

ခလွပ် ____

နဂါးဥလေးရဲ့ နောက်တစ်နေရာ က အက်ကြောင်း တစ်ခုပေါ်လာ ပြန်တယ်။အောင်းဝ်စန်း က စိတ်လှုပ်ရှား လွန်းလို့ နဂါးဥလေးရဲ့ ဘေးမှာ အပေါ်အောက် ခုန်နေပေမယ့် အောင်းပေါင်ပေါင်း ရဲ့ လက်သည်းတွေနဲ့ တန်းတန်းကြီး ရိုက်ထုတ် လိုက်တာ ကို ခံလိုက် ရလေတယ်။

နဂါးနက်လေး က နဂါးဥလေးရဲ့ ဘေးမှာ ထိုင်လိုက်ကာ လည်ပင်းကို ဆန့်ထုတ်ပြီးတော့ အနံ့ခံ လိုက်တယ်။

နဂါး နှစ်ကောင်နဲ့ နျင်းချု တို့က စိတ်လှုပ်ရှားစွာနဲ့ အသက်တောင် ပြင်းပြင်း မရှုရဲ ပဲ စောင့်နေကြလေတယ်။ ဒါပေမယ့် သူမက ဥ ပေါက်နေရာမှ လမ်းတစ်ဝက်မှာ တင် အားအင်တွေ ကုန်ခမ်း သွားသလို မျိုး နဂါးဥ လေး ဆီကနေ ဘာအသံမှ မကြား ရတော့ပါပေ။

နဂါးသားပေါက်တိုင်းက သူတို့ရဲ့ ဥခွံကို ကိုယ်တိုင်ခွဲ ဖို့လိုအပ်ပြီးတာ့ တစ်ခြားပြင်ပ အကူအညီ ယူလို့ မရပါပေ။ အခုချိန် က အလောတကြီး ဖြစ်နေရမယ့် အချိန် မဟုတ်တာကြောင့် နျင်းချုက ( နဂါးကျွန်း)ထဲက စျေးဆိုင်ထဲကို သွားကာ နောက်ကျရင် သူသုံးရမယ့် ပစ္စည်းတွေ ကို သွားဝယ် ခဲ့လေတယ်။

ပဝါပျော့လေး၊ အထူးနို့မှုန့် နဲ့ နဂါးပေါက်စ လေးတွေ အတွက် နို့ဘူး အသေးလေးတွေ၊ ပြီးတော့ အောင်းဝ်ဝူ စားရတာ  ကြိုက်တဲ့ အုပ်ဂျုံမြတ်တွေ........ ။

အိပ်ဆောင်ထဲမှာ ရေနွေးအိုး ရှိပေမယ့် နျင်းချု ကတော့ အဲ့တာ က နှေးတယ်လို့ တွေးတာကြောင့် အောင်းဝ်စန်း ရဲ့ မှော်မီးကို ငှားသုံးကာ နို့ဖျော်လိုက်လေတယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now