(39) အနက်ရောင် နဂါးလေး (1)
ဝူးယူး က အမှတ်ဇယား ထိပ်ဆုံး က လူဖြစ်ပြီးတော့ သူ့မှာ က စာချုပ်သားရဲ အနေနဲ့ နဂါးတစ်ကောင် လဲ ရှိနေသေးတယ်။ ပြီးတော့ တစ်ခါမှလဲ မရှုံးဘူးပေ။
တိုက်ပွဲ မစခင် အချိန်တုံးက နျင်းချုက ဒီပြိုင်ပွဲ နဲ့ ပတ်သက်ပြီးတော့ မြင်ကွင်း အမျိုးမျိုး ကို တွေးကြည့်ခဲ့တယ်။
ဂိမ်း ဆိုတဲ့ ရွှေလက်ချောင်း ရှိတယ် ဆိုတာကို သိတဲ့ အတွက်ကြောင့် သူက နောက်ဆုံး ရလဒ် ကို ယုံကြည်မှု ရှိနေလေတယ်။ သူက သူ့ဘာသာ သူ ခရမ်းရွှေပြား ၃၀ လောင်းခဲ့ ပြီး ဖြစ်တဲ့ အတွက်ကြောင့် သူဟာ ဘာကိစ္စပဲ ရှိပါစေ အနိုင်ရမှ ပဲ ဖြစ်မှာ ပဲ ဖြစ်တယ်။
ဒါပေမယ့်........ဝူးယူး က အခုလိုမျိုး ရိုးရှင်းစွာနဲ့ အလျော့ပေး လိုက်မယ် လို့တော့ သူက မထင်ထားခဲ့ပေ။
ဘာကြောင့်လဲ?
ဒီတိုက်ပွဲ မစခင် အချိန်တုံး က အထိ သူက စိတ်ဝင်စားမှု တောင် မပြသ ခဲ့တဲ့ဟာကို။
နျင်းချု က ရှုပ်ထွေး သွားကာ သူ့ရဲ့ လက်မှာ အနီရောင် မီးတောက် နေပြီးတော့ ဘေးတစ်ဖက်မှာ ဒိုင်းကို ကိုင်ထားရင်းနဲ့ ကြောင်အ စွာ ရပ်နေခဲ့လေတယ်။
ပြိုင်ကွင်း အပြင်ဘက် က လူတွေ ကတော့ အရမ်းကို ပေါက်ကွဲ နေကြ ပါပြီ။ ကြီးမြတ်တဲ့ တိုက်ပွဲ ကို ကြည့်ဖို့ မျှော်လင့်ထားတဲ့ လူတွေ ကလည်း အရမ်း စိတ်ပျက်သွား ကြလေတယ်။
'' ဘယ်လိုမှ မဖြစ်နိုင်တာ! ဝူးယူး က အသစ်လာတဲ့ လူကိုတောင် ကြောက်နေတာ တော့ မဟုတ်လောက် ပါဘူးနော်? ''
'' မင်းမှာ ဦးနှောက်ကော ရှိသေးရဲ့ လား ''
တစ်ခြားတစ်ယောက် က ချက်ချင်းပဲ ကာကွယ်လိုက်တယ် ။
'' ဝူးယူး က ဘယ်လိုလုပ် ကြောက်နေ ရမှာလဲ! သူက အမြန်အလျင်လို သွားစရာ ရှိလို့ပဲ နေမှာ။ ဒါကြောင့် သူက ရိုးရှင်းစွာနဲ့ အရှုံးပေး လိုက်တာ ပဲ နေမှာ ''
'' သူတို့ အချင်းချင်းတော့ သိကြမှာ မဟုတ်ဘူး မလား။ ဟုတ်တယ် မလား...... သူတို့က တကယ်ကြီး မတိုက်ခိုက်တော့ ဘူးလား။ ငါ တစ်ညလုံး ထိုင်စောင့် နိုင်တယ်နော် ''
YOU ARE READING
နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]
Randomနဂါးကျွန်း ဆိုတဲ့ app ကို ဒေါင်းလုခ် လုပ်ပြီး သားပေါက်လေးတွေကို အရူးအမူး ပျိုးထောင် ပေးပြီးတဲ့နောက် ထိုဂိမ်းထဲက သားပေါက်လေးတွေ ဆီ ကူးပြောင်းရောက်ရှိသွားတဲ့ သားပေါက်လေးများရဲ့ ဖေဖေကြီး နျင်းချူ အကြောင်းပါ။ [ တစ်ပိုင်းက ပုံမှန်ထက် ၄ဆ ရှည်ပါတယ်။ မုဆိုး...