အပိုင်း (116)

725 120 1
                                    

(116) ဘာကြောင့် ငါ့စကားကို နားမထောင် ရတာလဲ?  ၂

အကယ်ဒမီ ကို လာတဲ့ ချက်ကျောင်း က လူတွေ မှန်သမျှ အကုန်လုံး က သေသွားပြီ ဖြစ်ပေမယ့် အစည်းအဝေး ခန်းထဲမှာ ရှိနေသေးတဲ့ ဆရာတွေ က နိုးလာ ကြတဲ့အခါ မြေပြင် ပေါ်မှာ ပြန့်ကျဲ ပြီးတော့ သေဆုံး နေတဲ့ အလောင်း တွေကို တွေ့သွားရင် ဝူးယူး လုပ်တယ် ဆိုတာ ကို ခန့်မှန်း မိကြ လောက် လေတယ်။

ဝူးယူး က လန့်စ် အကယ်ဒမီ ရဲ့ ကျောင်းသား တစ်ယောက် လေ။ ပြီးတော့ ဆရာတွေက သူ့ကို ဘာပဲ လုပ်ခဲ့ ပါစေ ဒါက ကိစ္စမရှိ ပါပေ။ ဒါပေမယ့် အခု ကိစ္စ ကြောင့် အကယ်ဒမီ က ချက်ကျောင်း ရဲ့ ဖိအားပေး မှုကို ခံသွားရမှာ ကို စိုးရိမ်မိ လို့ပဲ ဖြစ်လေတယ်။ အဲ့အခါ ကျရင် ကျောင်းက ဝူးယူး ကို ချက်ကျောင်း လက်ထဲ မအပ်ဘူး လို့ ပြောလို့ မရ ဘူးလေ။

အမြန်လေး အကယ်ဒမီ ကနေ ထွက်လာ ရတာ က အတော်​လေး ဆိုးသွားတာ ပဲ။ မဟုတ်လို့ ရှိရင် သူတို့ က ဒီလောက် ကြီးကျယ်တဲ့ မြင်ကွင်း မျိုး ဖန်တီး ခဲ့ရမှာ မဟုတ်လေဘူး။ အသာလေး ပဲ တိတ်တိတ်လေး ခိုးထွက် ခဲ့ရ မှာ ဖြစ်လေတယ်။

အကယ်ဒမီ က လူတွေ က အတော်များ များက နဂါးကြီး ပေါ်လာတာ ကို မြင်တွေ့ သွားကြ တယ်လေ။ ပြီးတော့ သူတို့သာ ပိုပြီးတော့ ထက်မြတ် ကြရင်တော့ ................  အရင်က နဂါးအုပ် နဲ့ အတူ ကျောင်းကို တိုက်တဲ့ နဂါးကြီး က အောင်းဝ်အာ့ ဆိုတာကို သိသွား ကြမှာပဲ။ ဒီလို ဆိုရင်တော့ အဓိပ္ပာယ် ရှိသွား ပြီပဲ ဖြစ်လေတယ်။

နျင်းချု က အဲ့အကြောင်း တွေးရင်းနဲ့ သူက တစ်စုံတစ်ရာ ကို ရုတ်တရက် ပဲ တွေးမိ သွားတော့ လေတယ်။

သူက ကျိုးပဲ့ ပျက်စီး နေပြီ လို့ ထင်တဲ့ အချပ်ပြား ကို သူ့ရဲ့ သိုလှောင် အိတ်ထဲ ကနေ ထုတ်ထား လိုက် လေတယ်။ ပြီးတော့ ထို အချပ်ပြား ပေါ်က လက်တံ က အဝါရောင် ဧရိယာ ထဲကို ပဲ တည်ငြိမ်စွာ  ညွှန်ပြ နေခဲ့ တာ ကို တွေ့ရ လေတယ်။

အဲ့ဒါက....... အောင်းဝ်အာ့ ကို ပြသ နေတာ များလား?

အဲ့တာ ရဲ့ အနားမှာ တစ်ခြား နဂါးလေး တွေ အများကြီး ရှိနေ တာ ဖြစ်လေတယ်။ အထူးသဖြင့် သူ့ရဲ့ တစ်ခြားလက် ပေါ်မှာ အောင်းဝ်ဝူ ရှိလေတယ် ။ ဒါပေမယ့် အချပ်ပြား ပေါ်က ညွှန်တံ က အဝါရောင် ဧရိယာ ပေါ်ကို ပဲ လုံးဝ ကို ပြသ နေခဲ့ လေတယ် ။ တစ်ခြား အရောင် ကွက်တွေ အပေါ် လုံးဝ ရွေ့မသွား ပါပေ။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Место, где живут истории. Откройте их для себя