အပိုင်း (22)

2.1K 400 7
                                    

(22) ရှော့ပင်းမောလ် (3)

တာဝန်ခံ က အသီး အလုံး ၃၀ ကို ရေတွက်နေရင်း နဲ့ သူ့ကို စနောက်လိုက်တယ်။

'' ဆိုတော့ မင်းက အချိန်ပြည့် ကံကောင်း နေတယ်ဆိုပါတော့ ကွာ? ''

မှော်နဂါးတစ်ကောင် ပေါ်လာပြီး ကတည်းက အကယ်ဒမီဟာ အဲ့နေရာကနေ ဝေးဝေး သတိပေးချက် ထုတ်ပြန်ထားခဲ့လေတယ်။ အဲ့တာ ပြီးကတည်းက ပဟေဠိတောအုပ်ထဲ က အမြင့်အဆင့် ရှိတဲ့ တာဝန်တွေဟာ နေ့တိုင်း လျော့ကျ လို့ လာခဲ့လေတယ်။

နျင်းချု လို့ ခေါ်တဲ့ ပထမနှစ်ကျောင်းသားလေး ကသာ ဒီနှစ်ရက်အတွင်းမှာ အဲ့နေရာကို သွားပြီး ပထမအဆင့် တာဝန်လေး တွေကို လုပ်ရဲဖို့ သတ္တိ ရှိ နေကာ ဘာဒဏ်ရာမှ မရ ပဲ ပြန်လာနိုင်တာ ပဲ ဖြစ်လေတယ်။

နျင်းချု က မရေမရာနဲ့ ပြောလိုက်လေတယ်။

'' ဒီအတွက် အမြဲတမ်း အလုပ်တာ ဝန် ရှိနေတာ ဟုတ်တယ် မလား? တကယ်လို့ ကျွန်တော်သာ နေ့တိုင်း လုပ်နိုင်မယ် ဆိုရင် ခများ ကျွန်တော့် အတွက် အဲ့တာကို ဖယ်ပေး ထားလို့ ရနိုင်မလား? ''

တာဝန်ခံ က လျင်မြန်စွာ ပြောလိုက်တယ်။

'' ဟုတ်ပြီလေ ''

'' ဘာကို ဖယ်ထား ပေးမှာလဲ? ''

အသံထွက်လာတာ နဲ့ နျင်းချူက ခေါင်းကို လှည့်ကြည့်လိုက်တဲ့ အခါ ရင်းနှီး​နေတဲ့ မျက်နှာကို တွေ့လိုက်ရလေတယ်။

အဲ့သူတွေက မနက်ခင်း လေ့ကျင့်ရေး အတန်းတုံးက ကျောင်းသားတွေ ဖြစ်ပြီးတော့ သူတို့ရဲ့ ခေါင်းဆောင် က အရှေ့တိုးလာကာ မျက်ခုံးကို ပင့်ပြီးတော့ ပြောလိုက်လေတယ်။

'' ဟွိုက် က အလုပ်တာဝန် ယူနေတာလား? ''

သူ့ရဲ့ မျက်လုံးတွေက စားပွဲပေါ်မှာ တင်ထားတဲ့ တာဝန် ကဒ်ကို ကြည့်လိုက်တဲ့ အခါ အဲ့ပေါ်မှာ အနီရောင် တံဆိပ်တုံး ရိုက်နှိပ်ထားပြီး ဖြစ်တဲ့ အတွက်ကြောင့် အဲ့တာက လုံးဝ ကို ပြီးမြောက် အောင်မြင် ပြီးမှန်း သိလိုက်ရလေတယ်။

ထိုကဒ်ရဲ့ တာဝန် နေရာမှာ ' ပဟေဠိ တောအုပ် ' လို့ ရေးထားတာ ကို တွေ့လိုက်ရတဲ့ အခါ သူ့ရဲ့ မျက်နှာ က ပြောင်းလဲ သွားလေတယ်။ သူက နျင်းချူ ကို ပြန်ကြည့် လိုက်တဲ့ အခါ သူ့ရဲ့ မျက်လုံးတွေ ထဲမှာ သံသယ တွေ ပြည့်နေ ခဲ့လေတယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now