အပိုင်း (23)

1.9K 358 4
                                    

(23) ရှော့ပင်းမောလ် (4)

အောင်းဝ်စန်း က စိတ်ခံစားလွယ်တဲ့ သူ ဖြစ်တာကြောင့် သူက နျင်းချုရဲ့ စိတ်ကောင်းဝင် ​နေတာကို ခံစားမိတာကြောင့် ပျံသန်းနေတာ ကို အရှိန် လျော့ချ ခဲ့လေတယ်။

နျင်းချူ က တဖြေးဖြေး စိတ် တည်ငြိမ်လာကာ လေတွေ က သူ့ဆံပင်နဲ့ အဝတ်တွေ ကြားထဲကို ဖြတ်သန်း သွားနေလေတယ်။ သူက လက်ကိုဆန့်ထုတ်ကာ ဘေးနားက ဖြတ်သန်း သွားတဲ့ တိမ်တွေကို ထိတွေ့နေတာ ကြောင့် သူ့ရဲ့ လက်ဝါးမှာ စိုစွတ်မှုတွေ ချန်ထား ခဲ့လေတယ်။

အောင်းဝ်စန်း က နျင်းချုကို တောရဲ့ အလယ်ခေါင် ရောက်အောင် ဝေးနိုင်သမျှ ဝေးဝေး ခေါ်သွားကာ အောက်​ခြေမှာ ရေကန်တစ်ခု ကို တွေ့ရလေတယ်။ ပြီးတော့ ကန် ရဲ့ အစွန်းမှာ တောက်ပနေတဲ့ အစုအဝေး တွေကို တွေ့လိုက်ရလေတယ်။

အောင်းဝ်စန်း က ကန်ရဲ့ အနီးနားမှာ ရှိနေတဲ့ နေရာလွတ် ကြီး မှာ ဆင်းလိုက်လေတယ်။ နျင်းချူရဲ့ အမူအရာ က တဖြေးဖြေး အေးခဲ သွားလေတယ်။

သူက အောင်းဝ်စန်း ပေါ် ကနေ ဆင်းကာ သူ့ရှေ့က လိမ္မော်ရောင် အမွှေးထူသီး  အများကြီး ကို ကြည့်ကာ စကားပြောဖို့ ကို အရမ်းကြီး ရှော့ ရသွားလေတယ်။

''ဒါတွေက........  ''

အဲ့မှာ အမွှေးထူ အသီးတွေက ထောင်ပေါင်း များစွာ ရှိနေ ပြီးတော့....အဲ့ထဲက တစ်ဝက်လောက် က ကောက်ယူလို့ ရပြီပဲ ဖြစ်လေတယ်။

အောင်းဝ်စန်း က ထပ်သေးသွားပြီးတော့ အသီးအစုအဝေး ကြီးဆီကိုပျံသန်း သွားကာ အဲ့ပေါ်မှာ နားလိုက်ပြီးတော့ သူ့ရဲ့ ခေါင်းကို မြင့်မြင့်လေး မြှောက်ကာ ချီးကျူးခံ ရဖို့ စောင့်ဆိုင်း နေခဲ့လေတယ်။

သူသာ စကားပြောနိုင်မယ် ဆိုရင် ' ဒါတွေ အကုန်လုံး က ငွေရဖို့ လုံလောက်နေပြီ မဟုတ်လား?'

နျင်းချူ က အရှေ့ကို စစ်ဆေး ဖို့ တိုသွားရင်းနဲ့ ရယ်ရမလား ဒါမှမဟုတ် ငိုရမလား ဆိုတာ ကို မသိတော့ပေ။ သစ်ကိုင်းတွေ ပေါ်က အသီးတွေက ညစ်ပတ်နေပြီးတော့ အသီးအစုအပုံကြီး ရဲ့ ဘေးပတ်ပတ်လည်မှာ နဂါးခြေရာတွေ တွေ့ရလေတယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Donde viven las historias. Descúbrelo ahora