မိတ်ဆက်အရှည်

5.8K 443 8
                                    

[ 0 ]

နျုင်းချူ ဟာ ဆောင်းရာသီ အားလပ်ရ​က်မှာ ' နဂါးကျွန်း ' လို့ ခေါ်တဲ့ အနောက်တိုင်း ဂိမ်း  အပလီကေးရှင်း တစ်ခုကို ဒေါင်းလုခ် ဆွဲခဲ့လေတယ်။ ထိုထဲမှာ အမျိုးမျိုးသော နဂါးသားပေါက် လေးတွေကို ပျိုးထောင် ပေးလို့ ရလေတယ်။

ဂိမ်းရဲ့ ဆွဲသားချက်တွေက အရမ်းကို လှပပြီးတော့ ပြိုင်ဘက်ကင်းကာ နဂါးသားပေါက်လေး တွေ ကလည်း သောက်ရမ်းကို ချစ်ဖို့ ကောင်းကာ နှစ်သက်ဖွယ်ရာ လေးတွေပဲ ဖြစ်လေတယ်။ ဒါကြောင့် နျင်းချု ခမျာ လုံးဝကို ဆွဲဆောင်ခြင်း ခံလိုက်ရပြီးတော့ ငွေတွေကို အရူးအမူး ဖြည့်ကာ သူတို့လေးတွေ တစ်ဒါဇင်လောက် ကို စတင်ပျိုးထောင် တော့တယ်။

နဂါးသားပေါက် ငယ်လေး တွေက စရိုက် လက္ခဏာ ကွဲပြားချက်တွေ ရှိပြီးတော့ ရည်ညွှန်းချက်တွေ လည်း အမျိုးမျိုး ရှိလေတယ်။ နျင်းချူ က မနက်စောစော ထပြီးတော့ ညကို နောက်ကျ ပြီးတော့မှ အိပ်ယာ ဝင်ခဲ့လေတယ်။

အမဲလိုက် တယ်၊ ချက်ပြုတ်တယ်၊ သစ်ပင်တွေ ခုတ်လှဲ ပြီးတော့ အိမ်တွေ ဆောက်တယ်။ နဂါးသားပေါက်လေး တွေ အတွက် အဝတ်ချုပ်တယ်။ သူတို့တွေနဲ့ အတူ ကစားတယ်။ ပြီးတော့ သူတို့လေးတွေ အိပ်ဖို့ ကလေး သီချင်းလေး တွေ ဆိုပြီးတော့ ချော့သိပ်လေတယ်။

ကံမကောင်းစွာနဲ့ပဲ နဂါးသားပေါက်လေး တွေ အရွယ်မရောက်လာ ခင်မှာပဲ နျင်းချူဟာ မတော်တဆ မှု တစ်ခုနဲ့ ကြုံတွေ့ ခဲ့ရတယ်။ 

သူ့ရဲ့ မျက်လုံးကို ဖွင့် လိုက်တဲ့ အချိန်မှာတော့ နျင်းချူဟာ ကူးပြောင်း သွားပြီ ပဲ ဖြစ်လေတယ်။

သူက ထူးဆန်းပြီးတော့ မူရင်းကမ္ဘာ နဲ့ ကွဲပြားတဲ့ နေရာကို ရောက်သွားခဲ့တယ်။ ထိုနေရာမှာ မှော်ဆရာ တွေ၊ နတ်သူငယ်တွေ ၊ လူပုလေးတွေ ၊ သားရဲ တစ်ဝက်တွေ နဲ့ .... ကြီးမားတဲ့ နဂါးကြီးတွေ ရှိလေတယ်။

နျင်းချူရဲ့ ကံက အရမ်းကို ဆိုးဝါး နေပြီးတော့ သူဟာ နဂါးတစ်ကောင် သတ်ဖြတ်နေတဲ့ တိုက်ပွဲ မြေပြင်ထဲကနေ ဖြတ်သွားဖို့ ဖြစ်လာခဲ့တယ်။ ထိုကြီးမားတဲ့ သတ္တဝါ ကြီးက သူ့ရဲ့ လက်သည်းတွေ ကို မြှောက်လိုက်တာနဲ့ နျင်းချူ ဘေး ပတ်ဝန်းကျင် တစ်ခုလုံး ဖုန်တွေ ထ လာခဲ့တယ်။

ဒါပေမယ့်....  ဒီအနီရောင် အကြေးခွံတွေ ၊ ကွေးနေတဲ့ ဂျိုလေးတွေ ပြီးတော့ အဲ့တာရဲ့ ပါးစပ်က မှုတ်ထုတ် လာတဲ့ မီးတောက်တွေ..... ။

ဒီနဂါးကြီး ကလေ သူပျိုးထောင် ခဲ့တဲ့ သားပေါက် လေးထဲက တစ်ကောင်နဲ့ ဘာလို့ အရမ်းကြီး ဆင်တူ နေရတာလဲ?

__________

ဒဏ္ဏာရီတွေက ဆိုကြတယ် နဂါးတွေဟာ ဘုရားသခင်ရဲ့ ဖန်းတီးမှု ထဲက အကောင်းဆုံး လက်ရာတွေတဲ့။

ဘုရားသခင်က နဂါးတွေကို ချစ်ခင်နှစ်သက်ပြီးတော့ ကြီးမားတဲ့ ခွန်အားကို ပေးခဲ့တယ်။ ရှည်လျားတဲ့ ဘဝ တစ်ခု ကို ပေးခဲ့တဲ့ အပြင် ကိုယ်တိုင်ကိုယ်ကျ လည်း ပျိုးထောင်ခဲ့သေးတာတဲ့။

ဒါပေမယ့် တကယ့်ဖြစ်ရပ် တစ်ခု ကတော့ တစ်နေ့မှာ ထူးခြားဆန်းကြယ် လှတဲ့ အဖြစ်အပျက် တစ်ခု ပေါ်လာခဲ့ကာ ဘုရားသခင် က နဂါးတွေကို စွန့်ပြစ် ခဲ့ ပါတယ်။

သေးငယ် ငယ်ရွယ်လှတဲ့ နဂါးသားပေါက်လေး တွေဟာ သူတို့ရဲ့ အချစ်ခံရမှု နဲ့ ဂရုစိုက် ခံရမှု ကို ဆုံးရှုံးသွားခဲ့ကာ အေးစက်တဲ့ ညတွေကို ဖြတ်သန်းခဲ့ ရကာ ကြီးထွားလာခဲ့တဲ့ ဘဝ တစ်လျောက်မှာ ခလုတ်ကသင်း တွေ ပေါများခဲ့တယ်။ ပြီးတော့ တဖြေးဖြေးနဲ့ ရက်စက်ကာ အနိုင်ကျင့် နှိပ်စက် တက်တဲ့ နဂါးကြီး တွေ ဖြစ်လာခဲ့တယ်။

နောက်ပိုင်းမှာတော့ ဘုရားသခင် ကထပ်ပြီးတော့ ပြန်လာခဲ့တယ်။

နျင်းချူ: အိုးးးးးးးး ငါ့သားပေါက် လေးတွေရေ ၊ ဒယ်ဒီ ပြန်လာပြီကွ!

.......

112 ပိုင်းရှိပြီးတော့ ၁ပိုင်းဟာ တစ်ခြားအပုဒ်ရဲ့ ၃ ဆ ရှိပါတယ်။

ဆိုတော့ ၃၃၆ ပိုင်း ခွဲမှာပါ။ ၃၃၆ ပိုင်းရဲ့ တစ်ပိုင်းဆီ​က စာလုံးရေ ၂၀၀၀ ရှိပါတယ်။

ကြိုဖက်ချင်ရင် တော့ ၃၃၆ ပိုင်းမှ  အပိုင်း ၃၀ ပါ ဂရုတစ်ခုစီ ဖွင့်ပေးပါ့မယ်။ gp 11 ခု ရှိမှာပေါ့နော်။ အပို ၆ ပိုင်းကတော့ အခုလာဖွင့်ခိုင်းရင် လက်ဆောင်ပဲ သဘောထားပေါ့။  (1650) လောက်ကျမယ် တစ်ဂရု ကို။  ကြိုမရေးထားရသေး သလို တစ်ယောက်မှ လာမပူဆာရင်  မဖွင့်ဘူးနော်။

wattpad မှာတော့ သောကြာနေ့တိုင်း ၃၃၆ ပိုင်းမှ ၁ပိုင်းဆီ တင်ပေးသွားမှာပါ။

..................

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Tempat cerita menjadi hidup. Temukan sekarang