အပိုင်း (105)

796 112 0
                                    

(105) တိုက်ခိုက်ခြင်း ၁

အောင်းဝ်အာ့ က အနည်းငယ် တော့ တုံ့ဆိုင်း နေတာကို နျင်းချု တွေ့လိုက် ရလေတယ်။ နျင်းချု က အောင်းဝ်ဝူလေး ကို အုပ်ဂျုံတွေ ကျွေးပြီး သွားတာ နဲ့ သူမ လေးကို မြက်ခင်း ပြင်ထဲ ချ ပေးလိုက်ကာ သူမ ဘာသာ ပဲ ဆော့ကစား စေ ခဲ့လေတယ်။ ပြီးတော့ လက်ကို ဆန့်ထုတ်ပြီး အောင်းဝ်အာ့ ကို သူ့ဆီ ဆွဲပွေ့ ပြီးတော့ ခေါ်လိုက် လေတယ်။

'' ကလေးလေး မင်း က ဝူးယူး နဲ့ စန်းစန်း ကို မတွေ့ချင်ဘူး လားဟင်။ ''

နျင်းချု က မေးလိုက်တယ်။

'' ဒါမှ မဟုတ်ရင် မင်းက....... ဒယ်ဒီ နဲ့ အတူတူ မနေချင် လို့လား ဟင်? ''

အောင်းဝ်ဝူ က သူ့ကို အကပ်တွယ်ဆုံး ဖြစ်ပြီးတော့ အောင်းဝ်စစ် က ဒုတိယ နေရာ လိုက်လေတယ်။ ပြီးတော့ အငယ်ဆုံးလေးတွေ ကို အလိုအလိုက်ဆုံး ဖြစ်တာကြောင့် သူ့နောက်ကို အငယ်တွေ က လိုက်တယ် ဆိုတာ က သဘာဝ ကျ လေတယ်။

အောင်းဝ်စန်း ကတော့ ပြောနေစရာ တောင် မလိုပါပေ။ သူနဲ့ ဝူးယူး က နျင်းချု ပထမဆုံး ကူးပြောင်းလာ ကတည်း က အနားမှာ အတူတူ ရှိနေ ပေးခဲ့တာ ပဲ ဖြစ်လေတယ်။

အောင်းဝ်အာ့ နဲ့ တစ်ခြား နဂါးလေး တွေရဲ့ ကြားက ဆက်ဆံရေး က ငယ်ငယ်လေး ကတည်း က မကောင်း ခဲ့တာ ဖြစ်ပြီးတော့ နျင်းချု နဲ့ သူက တစ်ယောက် ကို တစ်ယောက် မှတ်မိ ဖို့ရာ အတွက် ကိစ္စတွေ အများကြီး ရင်မဆိုင် ခဲ့ရပေမယ့် လည်း သူ ဘာတွေး နေသလဲ ဆိုတာ ကို နျင်းချု တစ်ကယ် မသိပါပေ။

တစ်ချိန်ထည်း မှာပဲ နျင်းချု က အတိတ်ကို ပြန်သတိ ရ ပြီးတော့ တိတ်တဆိတ်ပဲ သက်ပြင်း ချ လိုက် လေတယ်။ အတိတ်တုံး က အတက်ကြွဆုံး တစ်ယောက် ဖြစ်တဲ့ အောင်းဝ်အာ့  ကို နျင်းချု တွေ့လိုက် ရလို့ အံ့သြ မိပေမယ့် အောင်းဝ်အာ့ က နဂါးလေး တွေထဲမှာ အကိုကြီး တစ်ယောက် လို မနေခဲ့ပဲ အခုလိုမျိုး တစ်ကိုယ်တော် ပဲ နေနေတာ ကို တွေ့ခဲ့ ရတယ်လေ။

ဒါ့အပြင် အောင်းဝ်အာ့ မှာ စီမံပေးစရာ နဂါးတွေလည်း ရှိနေ သေးတယ် မဟုတ်ပါလား?

နျင်းချု ထွက်မသွား ခင်တုံး က မိုင်းတွင်းဟာ လဝက် အတွင်း ပြီးလိမ့်မယ် လို့ အီလေ က ပြောခဲ့ တယ်လေ။ ပြီးတော့ သူတို့ထွက် မလာခင် အီလေ နဲ့ ညှိနှိုင်း ပြီးသား ဖြစ်တဲ့  အဲ့ကနေ ရမယ့်  လုပ်ခ လစာ ကို ယူဖို့ အတွက် အောင်းဝ်အာ့ က အဲ့နေရာကို ပြန်သွား ရအုံး မှာ ပဲ ဖြစ်လေတယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Onde histórias criam vida. Descubra agora