(2) ကူးပြောင်းခြင်း ၂
နျင်းချူ က ဒီဒဏ္ဏာရီလာ နဂါးပေါက်စ လေးရဲ့ အကျင့်စရိုက် တွေကို မသိပေ။
သူလေးက အသားစားလား၊ အရွက်စားလား၊ အစာမျိုးစုံစား လား ဆိုတာကို သူသေချာ မသိပေ။ ဒါကြောင့် ထိုပစ္စည်းအနည်းငယ် ချင်းဆီကို နျင်းချူ က ပြင်ဆင်ထားတာ ပဲ ဖြစ်လေတယ်။ဥ ရဲ့ မျက်နှာပြင်ပေါ်မှာ နောက်ထပ် အက်ကွဲလာပြီးတော့ အက်ကွဲကြောင်း အကြီးကြီးပေါ်လာခဲ့တယ်။ ဒါကြောင့် နျင်းချူ ခမျာ အသက်တောင် ရဲရဲ မရှုရဲပဲ သေချာလေး စောင့်ကြည့် နေခဲ့တယ်။
ခွပ်!
ကြီးမားတဲ့ ဥ ခွံ ကြီးက အောက်ကို ပြုတ်ကျသွားတယ်။
သေးငယ်တဲ့ အနက်ရောင် နဂါးသားပေါက်လေးက ကျန်နေခဲ့တဲ့ ဥ အခွံထဲမှာ ငုတ်တုပ်လေး ထိုင်နေပြီးတော့ သူ့ရဲ့ ကိုယ်လေး ဘေးတစ်ဖက် တစ်ချက်စီမှာလည်း တောင်ပံတွေ တွဲလောင်း ကျနေခဲ့တယ်။ ပြီးတော့ ဦးချို တစ်စုံ အပြင် နဖူးတည့်တည့်မှာ ပေါ်ထွက်နေတဲ့ ဂျိုအသေးလေး တစ်ခုပါ ပါနေပြီးတော့ သူ့ရဲ့ မျက်လုံး လေးကို ဖွင့်လိုက်တာနဲ့ အနက်နီရောင် မျက်ဝန်းလေးတွေ ပေါ်လာခဲ့တယ်။
'' ပေါင်ပေါင်းလေး (cubbie) ''
နျင်းချူ က ခေါ်လိုက်တယ်။
ထိုချိန်မှာ ဂိမ်းဇာတ်ကောင်လေး က နဂါးအနက် လေးကို ပွေ့ဖက်လိုက်ပြီးတော့ ပြောလိုက်တယ်။
[ ငါက မင်းရဲ့ ဖခင်ပဲ]
နဂါးအနက်လေး က ချက်ချင်းပဲ ခေါင်းကို လွဲသွားလေတယ်။ ပြီးတော့ ဒါက သိသိသာသာကြီးကိုပဲ 3D မော်ဒယ် တစ်ခု ဖြစ်နေတာ တောင်မှပဲ တစ်ချို့သော အကြောင်းအရာတွေကြောင့် နဂါးအနက်လေး ရဲ့ မျက်လုံးတွေက သူ့ကို မနှစ်သက်ကြောင်း ပြသနေ တယ်လို့ ခံစားမိလေတယ်။
သူက အခုချိန်မှာတော့ အရှုံးပေးလိုက်ကာ မြေပြင်ပေါ်မှာ ချထားတဲ့ အစားအစာ တွေကို ကောက်ယူ လိုက်လေတယ်။
'' ပေါင်ပေါင်းလေး မင်း ဘယ်တစ်ခုကို စားချင်လဲ? ''
အနက်ရောင်နဂါးလေး က အဲ့တာတွေကို တစ်စက်ကလေး တောင် လှည့်မကြည့်ပဲ နျင်းချုကိုပါ လျစ်လျူရှုထားလေတယ်။ ဒါပေမယ့် ဥအခွံ ကို ကောက်ယူ လိုက်ပြီးတော့ နည်းနည်းချင်းစီ ဝါးစားလေတယ်။
BẠN ĐANG ĐỌC
နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]
Ngẫu nhiênနဂါးကျွန်း ဆိုတဲ့ app ကို ဒေါင်းလုခ် လုပ်ပြီး သားပေါက်လေးတွေကို အရူးအမူး ပျိုးထောင် ပေးပြီးတဲ့နောက် ထိုဂိမ်းထဲက သားပေါက်လေးတွေ ဆီ ကူးပြောင်းရောက်ရှိသွားတဲ့ သားပေါက်လေးများရဲ့ ဖေဖေကြီး နျင်းချူ အကြောင်းပါ။ [ တစ်ပိုင်းက ပုံမှန်ထက် ၄ဆ ရှည်ပါတယ်။ မုဆိုး...