အပိုင်း (13)

2.2K 353 4
                                    

(13) စုဝေးစျေးတန်း (3)

လွန်ခဲ့တဲ့ ရက်အနည်းငယ် တုံး က နျင်းချူကို စနောက်ရတာ ကြိုက်တဲ့ အတန်းဖော် တစ်ချို့ဟာ တကယ်လို့ နျင်းချူသာ ဒုတိယ အဆင့် တာဝန်ကို ယူပြီးတော့ မြန်မြန် ပြီး​မြောက်အောင် လုပ်နိုင်မယ် ဆိုရင် သူ့ရဲ့ မှော်စွမ်းအား ကလည်း ပိုကောင်း လာလိမ့်မယ်ဆိုပြီး တော့ ကောင်းစွာ လှည့်စား နောက်ပြောင်ခဲ့တယ်။

ဒါက အလိမ်အညာ တစ်ခုနဲ့တူ တာကို သိပေမယ့် မူလ ကောင်လေး ဟာ အမြန်တိုးတက်လိုတဲ့ စိတ်အားထက်သန် မှုကြောင့် သူဟာ သဘောတူ ပြီးတော့ ခေါင်းငြိမ့် ခဲ့လေတယ်။

တစ်ချို့ကျောင်းသားတွေက သူတို့ရဲ့ ' ကြင်နာ မှု ' ကြီးကို ပြသဖို့ရာ မူလ လူကို တာဝန် ကို လိုက်ရွေးပေး ပြီးတော့ ပဟေဠိ တောအုပ်ရဲ့ အဝင်ဝ အထိ အရောက်ပို့ပေး ကြကာ သူပြန်မလာခင်မှာပဲ တစ်ယောက်ထဲ ထားခဲ့ကြလေတယ်။

ညအချိန်မှာ ပေါ်ဝမ် က နျင်းချုကို မတွေ့တဲ့ အတွက်ကြောင့် သူက နျင်းချုရဲ့ သတင်းကို တစ်ခြား ကျောင်းသား တွေဆီ ကနေ လိုက်မေးခဲ့ရတယ်။

သူ့ရဲ့ မှော်ပညာ က အရမ်းကြီး မမြင့်တဲ့ အတွက်​ကြောင့် သူက အရမ်းစိတ်ပူနေရင် တောင်မှပဲ နျင်းချု ကို ကိုယ်တိုင်လိုက်ရှာဖို့ မတက်နိုင်ပါပေ။ တကယ်လို့ နျင်းချူ သာ ဒီညလည်း ပြန်မလာရင်တော့ သူက ဆရာတွေ ဆီသွားပြီး သတင်းပို့တော့ မှာ ပဲ ဖြစ်တယ်။

ပေါ်ဝမ်က အရမ်းကို စူးစိုက်ထားလေတယ်။

'' သူတို့တွေက အရမ်း သတ္တိရှိတာပဲ။ သူတို့က ဘာမဆို လုပ်နိုင်ကြတယ်။ သူတို့က အရှုပ်တွေ ဖြစ်လာမှာကို မစိုးရိမ်ကြ ဘူးလားမသိ....... ''

နျင်းချုရဲ့ မျက်နှာ က ပိုပြီးတော့ နောင်တရလာကာ ပေါ်ဝမ်ကို ပြန်နှစ်သိမ့်ပေး လိုက်လေတယ်။

'' အဆင်ပြေ ပါတယ်။ ငါမှ မနာကျင်ခဲ့တာ။ ပြီးတော့ ငါ သစ်သားဝိဉာဥ် မြတ်တွေ ကို အကုန်စုဆောင်း နိုင်ခဲ့တယ်။ ''

ပေါ်ဝမ် က အံ့သြ သွားတယ်။

'' တကယ်ကြီး? ''

နျင်းချု က သူ့အိပ်ကပ် ထဲက သစ်သားဝိဉာဥ်မြက် တွေကို ထုတ်ကာ သူ့ကို ပြလိုက်တယ်။ သစ်သားဝိဉာဥ်မြက် တွေက သစ်ရွက်ကြီးပေါ်မှာ လှဲလှောင်းနေ ပြီးတော့ အချိန်နည်းနည်း ကြာသွားလို့ အရွက်တွေက အနည်းငယ် နွမ်း သွားပေမယ့် အဲ့တာ က ရမယ့် ဆုကို မထိခိုက်စေပေ။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now