အပိုင်း (80)

662 122 0
                                    

(80) အနှစ်သက်ဆုံး လူ (၂)

နျင်းချု က မီးပုံ ကို ထိုးဆွ နေသလိုနဲ့ လှည့်ကာ  သူတို့ ကို ခေါင်းလေး တွေနဲ့ တိုးပြီးတော့  အနီးကပ် စောင့်ကြည့်နေတဲ့ သာမန် နဂါး ၃ ကောင်ကို ကြည့်လိုက်တယ်။

'' အဲ့နဂါးတွေ ကလေ အတော်လေး ဆင်းရဲတဲ့အခြေအနေ ကို ရောက်နေတဲ့ ပုံပဲနော် ''

သူတို့ရဲ့ မျိုးစိတ်ကို သိရဖို့ ဝေးစွ သူတို့က အခုချိန်ထိ အရွယ်တောင် မရောက်သေး ဘူးလို့ နျင်းချု ထင်မိ လေတယ်။ ဘာလို့လဲ ဆိုတော့ သူတို့ရဲ့ ကိုယ်လေး တွေက ပိန်ကပ်နေကာ နဂါးပုရဲ့ ကိုယ် တစ်ဝက် လောက်လေး ပဲ ရှိနေ တာကြောင့် ဖြစ်လေတယ်။

ဝူးယူး က သူတို့ကို မောင်းမထုတ် သရွေ့တော့ သူက သူတို့ဆီကို အသားစိမ်း တစ်ချို့ ကို တိတ်တိတ်လေး  ပစ်ကျွေးပေးနိုင်ပါတယ်။

ဝူးယူး က ပြောလိုက်တယ်။

'' ငါ ဘာ အစားမှ မယူလာ မိဘူး ''

'' ဟင်း...... ဟမ်? ''

သူဘာကို ကြားလိုက် ရတာလဲ။

နျင်းချု က မျက်တောင် ခတ်လိုက်ကာ ထစ်အ ထစ်အ နဲ့ ပြောလိုက် လေတယ်။

'' ငါ့မှာ အစာ တစ်ချို့ ရှိနေ သေးတယ်။ ဘာလို့ ငါတို့က........''

ဝူးယူး က ခေါင်းငြိမ့် ပြလိုက်တယ်။

'' ကောင်းပြီလေ။ ဂရစ်စလီ ကို သွားကျွေး ခိုင်းလိုက်လေ။  ''

နျင်းချု က အိတ်ထဲ ကနေ အသားစိမ်း တစ်ချို့ကို နဂါးပုဆီ ထုတ်ပေးလိုက်ကာ အကွာအဝေး တစ်နေရာ က နဂါးအုပ်စုလေး ကို သွားပြီးတော့ အစာကျွေးစေ လေတယ်။

နဂါး ၃ ကောင်က အသားစိမ်း အများကြီး ကို စားပြီးတဲ့နောက် ကျန်တဲ့ အသားအပိုင်း အစ တွေကို ကောက်ယူ ကာ တောထဲကို ပြေးဝင် သွား တာကို တွေ့လိုက် ရပြီးတော့မှ နဂါးပု က ပြန်လာခဲ့လေတယ်။ အဲ့အထိ နျင်းချု က အဖြေရှာလို့ မတွေ့သေးပါပေ။

ဝူးယူး က ဘာကြောင့်များ.......အရမ်းပဲ.........။

တစ်ခဏ တော့ ထိုဟာကို ဖော်ပြ ဖို့ရာအတွက် သူက စကားရှာလို့ မရခဲ့ပါပေ။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now