အပိုင်း (55)

1.7K 302 3
                                    

(55)  ထောင်ချောက် ၄

သူတို့တွေ ရဲ့ အသံနဲ့ စိတ်နေစိတ်ထား  တွေ က ဆင်တူ နေပေမယ့် ဘယ်နေရာ က အတိအကျ တူသလဲ ဆိုတာ ကိုတော့ ဘယ်လေ က မပြော နိုင်ပေ။ နျင်းချု က မျက်နှာ မပျက်ပဲ ပြောလိုက်တယ်။

'' ဟွိုက်?  အဲ့လို နာမည် မျိုး တစ်ခါမှ မကြားဘူး ဘူး ''

အနောက်ကနေ ဝူးယူး က သူ့ကို တစ်ချက် လှမ်းကြည့်တယ် ဆိုတာကို နျင်းချု တစ်ယောက် သူ့ရဲ့ မျက်လုံးထောင့် ကနေ မြင်တွေ့ လိုက်လေတယ်။

နေ့လည်မှာတော့ ဘယ်လေ က အဖွဲ့ကို ရပ်နားကာ အစားစားဖို့နဲ့ အနားယူစေတယ်။ သူက ကောင်းကောင်း ပြင်ဆင်လာကာ အစာခြောက်နဲ့ စည်သွပ်ဘူး တွေကို အများကြီး ယူလာခဲ့ပြီးတော့ ကျောင်းသားတွေရဲ့ အရေအတွက် အတိုင်း ခွဲပေးလာခဲ့တယ်။

သူက နျင်းချုကို စည်သွပ်ဘူး ပေးလာတဲ့ အချိန်မှာတော့ နျင်းချုက သူ့ရဲ့ လက်ကို ဝှေ့ယမ်းကာ ပြောလိုက်တယ်။

'' ကျုပ် ဗိုက်မဆာဘူး......  ''

ဘယ်လေ က အရမ်းကို အလိုက်သိလေတယ်။

'' မင်း ဟိုနားကို သွားပြီးတော့ စားလို့ ရတယ်။ ဒီလိုဆိုရင် ငါတို့လည်း မင်းမျက်နှာ ကို မတွေ့ရ တော့ဘူးပေါ့ ''

နျင်းချု က လည်း ရွေးချယ်စရာ မရှိတော့ပဲ သဘောတူလိုက်လေတယ်။

'' ကျေးဇူးပါ ပဲ ''

အောင်းဝ်စန်းလေး ကလည်း ဗိုက်ဆာ နေလောက်ပြီ ဖြစ်ပြီးတော့ သူက ဒီအခွင့်အရေး ကိုယူကာ အောင်းဝ်စန်းလေး ကို အစာ တစ်ချို့ ကျွေးရမယ်။

နျင်းချုက အစာခြောက်နဲ့ စည်သွပ်ဘူးကို ယူကာ သူ့ဘာသာသူ ဝေးတဲ့ တစ်နေရာကိုလျောက် လာပြီးတော့ ဘယ်သူမှ အနီးမှာ မရှိတာ သေချာတော့ မှ သူ့ရဲ့ မျက်နှာဖုံးကို ချွတ်လိုက်လေတယ်။

အောင်းဝ်စန်း က သူ့ရဲ့ အဝတ်တွေ ထဲကနေ တွားသွား ထွက်လာခဲ့တယ်။ သူက အထဲမှာ အချိန်တော်ကြာ အသက်ရှု ​မွန်းပြီးတဲ့နောက် လေတစ်ချို့ကို ရပြီပဲ ဖြစ်လေတယ်။ နျင်းချုက မောလ်ထဲက ယုန်သား တစ်ချို့ကို ဝယ်ကာ သန့်ရှင်းတဲ့ ကျောက်တုံး ပေါ်ကို တင်ပေး ထားလေတယ်။ သူကတော့ အစာခြောက်ကို ဖွင့်ကာ တစ်ကိုက်စားပြီးတော့ ပြောလိုက်တယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Nơi câu chuyện tồn tại. Hãy khám phá bây giờ